Friday, August 13, 2021

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်ရှိ မြန်မာ့အားကစားအဖွဲ့များ လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး

 နေပြည်တော် သြဂုတ် ၁၃

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် ယနေ့ နံနက် ၉ နာရီတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များ ဝဏ္ဏသိဒ္ဓိရှိ အားကစားကွင်း/ရုံ အသီးသီး၌ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ လေ့ကျင့်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပီတန်းအားကစားလေ့ကျင့်ရေးရုံ၌ ပီတန်း အားကစား သမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဖူဆယ်အားကစားရုံ၌ ဝူရှူး အားကစားနည်းမှ ဆန်းဆို(အတိုက်) အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ လက်ဝှေ့အားကစားရုံ၌ အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဘိလိယက်နှင့် စနူကာ အားကစားရုံ၌ အားကစားသမားများ လေ့ကျင့်နေမှုကို လည်းကောင်း၊ တိုက်ကွမ်ဒို အားကစားရုံ၌ အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ပိုက်ကျော်ခြင်း အားကစားရုံ၌ အားကစားသမားများ လေ့ကျင့်နေမှုကို လည်းကောင်း၊ ဗိုဗီနမ်အားကစားရုံ၌ အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ (A)ရုံ၌ ဂျူဒို အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိမြားပစ် အားကစားကွင်း၌ အားကစားသမားများ လေ့ကျင့်နေမှုကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားသမား များကို စိတ်ဓါတ် မြှင့်တင်အားပေးစကား ပြောကြားသည်။

လက်ရှိမြန်မာအားကစားအဖွဲ့များ အနေဖြင့် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းနှင့် ရန်ကုန် အားကစားလေ့ကျင့်ရေးစခန်းများတွင် လေ့ကျင့်မှုများ အပြင် ပြည်ပနိုင်ငံများသို့  အလေးမ၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ လှေလှော်၊ ကနူး/ကယက် အားကစားနည်း(၅)မျိုးမှ အားကစားသမား(၇၉)ဦးဖြင့် သွားရောက် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment