တံတား ဩဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊
တံတားမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံတွင် ယခုလ ၇ ရက်နေ့ နံနက် ၁၁နာရီ အချိန်ခန့်က
မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ဆရာတော် သံဃာတော်များ၊
ဒေသခံများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်း(၁၇၄)ဦးကို (၇)ရက်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား
ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း
သိရသည်။
တံတားမြို့တွင် မြို့ပေါ်ရပ်ကွက်(၄)ခု၌
လူဦးရေကျား/မပေါင်း(၉၇၄၃)ဦးနှင့် ကျေးရွာအုပ်စု(၁၃)ခု တွင်လူဦးရေ ကျား/မပေါင်း(၂၇၀၆၄)ဦး
စုစုပေါင်းလူဦးရေ ကျား/မပေါင်း(၃၆၈၀၇)ဦးခန့် မှီတင်းနေထိုင် ကြပြီး ဩဂုတ်လ(၁)ရက်နေ့မှ
ယနေ့အချိန်အထိ တံတားမြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့်
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံပြီးသူ(၇၆၃)ဦးရှိပြီးဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တံတားမြို့တွင်
၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကိုအသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများ၊
လူမှုရေးအသင်းအဖွဲ့ များတွင်ဆောင်ရွက်နေကြသူများ၊ ဆရာတော်သံဃာတော်များ၊ ဒေသခံပြည်သူများ၊
နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့အချိန်ထိ
လူဦးရေ(၇၆၃)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ် ပါသည်။ နိုင်ငံတော်၏အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ
ကာကွယ်ဆေးထိုးနှံပေးမှုအပေါ် တစ်နေ့ထက် တစ်နေ့ လူဦးရေများပြားစွာလာရောက် ထိုးနှံလျက်ရှိပြီး
ကာကွယ်ဆေးကို လာရောက် ထိုးနှံခဲ့ကြသည့် ဒေသခံများ၏ ရင်းတွင်းစကားသံများကို အောက်ပါအတိုင်း
ပြောကြားခဲ့ကြသည်။
(၁) ဦးတင်ချိုဝင်း၊
စင်မကော်ကျေးရွာ၊ တံတားမြို့
“ဦးလေးက
စင်မကော်ကျေးရွာကနေ ကိုဗစ်ကာကွယ်ဆေးလာထိုးတာပါ ဦးလေးရဲ့ဆေးထိုးရမယ့် အမှတ်စင်နာပါတ်ကတော့
(၉၆)ဖြစ်တဲ့အတွက် ကိုယ့်အလှည့်ကို စောင့်နေတာပါ အခုလို နိုင်ငံတော် ကနေ ကိုဗစ်ကာကွယ်ဆေးကို
အထူးတလည်ထိုးပေးတဲ့အတွက် ကိုယ့်အနေနဲ့ ဝမ်းမြောက်ဝမ်းသာ နဲ့အားပါးတရလာရောက် ထိုးနှံတာပါပဲ
ဦးလေးအသက်ကတော့ (၆၄)နှစ်ရှိပါပြီ”
(၂) ဒေါ်မြင့်မြင့်အေး၊
ကဒပ္ပနကျေးရွာ၊ တံတားမြို့
“ကျွန်မနာမည်
မြင့်မြင့်အေးလို့ခေါ်ပါတယ် ကဒပ္ပနကလာတာပါ အခုလိုဆေးထိုးပေးတဲ့ အတွက် အရမ်းလည်းဝမ်းသာပါတယ်
ကျေးဇူးလည်းတင်ပါတယ် ကျွန်မတို့အမေ အသက်(၉၇)နှစ်ကြီးပါလာ ပါတယ် အမကအသက်(၆၈)နှစ် ကျွန်မက(၆၆)ရောက်နေပါပြီ
အခုလိုဆေးထိုးပေးတဲ့အတွက် လှိုက် လှိုက်လှဲလှဲ ဝမ်းသာပါတယ် ကျေးဇူးတွေလည်းတင်ပါတယ်”
(၃) ဦးဇော်မျိုးအောင်၊
ဇီးဖြူပင်ကျေးရွာ၊ တံတားမြို့
“ကျွန်တော်ကတော့
တံတားမြို့နယ် ဇီးဖြူပင်ရွာက ကိုဇော်မျိုးအောင်ပါ ကျွန်တော်အသက်က(၄၅) နှစ်ပါ ကျွန်တော်ဆေးထိုးရမယ့်
အမှတ်စဉ်က (၁၃၇)ပါအခုလိုကျွန်တော်ဆေးထိုးခွင့်ရတဲ့အတွက် ဝမ်းလည်းဝမ်းသာ တယ် မျှော်လည်းမျှော်လင့်မထားဘူးပေါ့
ဒီအသက်အရွယ်နဲ့ ဒီဆေးကိုထိုးခွင့်ရ လိမ့်မယ်လို့ အဲ့အတွက်ဂုဏ်လည်းဂုဏ်ယူပါတယ် အကုန်လုံးကိုလည်းလေးစားပါတယ်”
(၄) ဦးကစ္စနား၊
အမှတ်(၄)ရပ်ကွက်၊ မေလိခလမ်း၊ တံတားမြို့
“တံတားမြို့၊ အမှတ်(၄)ရပ်ကွက်၊ မေလိခလမ်းမှာနေထိုင်ပါတယ်
ဒီလိုမျိုးနိုင်ငံတော်ကို မြို့ပေါ် ရပ်ကွက်ကျေးရွာဒေသတွေပါမကျန် ကိုဗစ်ကာကွယ်ဆေးကိုထိုး
ပေးတဲ့အပေါ်မှာ ဦးရဲ့ အမြင်ဆိုရင် တော့ အရမ်းဝမ်းသာပါတယ် တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးပေါ်မှာ
ကျရောက်တဲ့ရောဂါ ဖြစ်လို့ကိုဗစ် ကာကွယ်ဆေး ထိုးပေးတဲ့အတွက် နိုင်ငံတော်ရဲ့ လုပ်ဆောင်နေတာတွေကို
ဂုဏ်ယူပါ တယ်”
(၅) ဒေါ်တင်နွဲ့၊
အသက်(၈၃)နှစ်၊ အမှတ်(၃)ရပ်ကွက်၊ ရွှေညောင်ပင်လမ်း၊ တံတားမြို့
“ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်
ကျေးဇူးလည်းတင်ပါတယ် အသက်ရှည်ကြ ပါစေလို့ဆုတောင်း ပါတယ် ဘေးရန်အန္တရာယ်ကင်းပါစေလို့ဆုတောင်းပေးပါတယ်”
(၆) ဦးထွန်းငြိမ်၊
အသက်(၇၅)နှစ်၊ စင်မကော်ကျေးရွာ၊ တံတားမြို့
“ကျွန်တော့်နာမည်ကတော့
ဦးထွန်းငြိမ်ပါ နေတာကတော့ စင်မကော်မှာပါ ဆေးကထိုးပြီးသွားပါပြီ ကျွန်တော်အနေနဲ့ အင်မတန်ပဲဝမ်းသာကျေနပ်ပါတယ်
ကျန်းမာရေးအတွက် အများကြီးစောင့် ရှောက်မှု တွေရရှိတဲ့အတွက်လည်း ဝမ်းသာပါတယ်”
“တံတားမြို့ကိုဗစ်-၁၉
ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအနေဖြင့် မြို့ပေါ်ရပ်ကွက်များ နှင့်ကျေးရွာအုပ်စုများရှိ
ဒေသခံပြည်သူများ ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင် ရွက်ပေးလျက်ရှိပြီး
နောက်နေ့များတွင်လည်း တံတားမြို့အတွက်ရရှိလာသည့် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများကို ဆက်လက်ထိုးနှံ
ပေးသွားမည်ဖြစ်ကြောင်း” ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၏ ပြောပြချက်အရသိရှိရသည်။
ဟိန်းဇေယျဇော်

No comments:
Post a Comment