Friday, August 13, 2021

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံရှိ APC ကိုဗစ်-၁၉ ကုသရေး စင်တာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများကို ကုသပေးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းမှု

 


 




 

ရန်ကုန်    ဩဂုတ်    ၁၃

 

ဦးကိုကိုလတ် ( Chairman / CEO)

Asia Pacific Business Group Public Company Limited

မေး-   ဆရာရှင့် ဒီကနေ့ဖွင့်လှစ်လိုက်တဲ့ ကိုဗစ်-၁၉ကုသရေးစင်တာမှာ လူနာတွေအတွက် ဘယ်လို ဆောင်ရွက်ပေးထားလဲဆိုတာ သိပါရစေရှင့်။

ဖြေ- APC ကိုဗစ်-၁၉ ကုသရေးစင်တာမှာ တက်လာမယ့်လူနာတွေကို အစစအရာရာ စားရိတ်ငြိမ်း (Free) ပေါ့ ငွေကြေးတစ်စုံတစ်ရာ ပေးစရာမလိုပဲ ကုသလို့ရအောင်ဆောင်ရွက် ပေးထားပါတယ်။ အစားအသောက်လည်းကျွေးဖို့ အစီအစဉ်ရှိတယ်။ လူနာစောင့်တွေ အတွက်ပါ ကျွေးဖို့ရှိတယ်။ ဆေးဝါးနဲ့ပတ်သက်ပြီးတော့လည်း ဘာမှပူစရာမလိုပါဘူး။ ကျွန်တော်တို့ ဘက်က အားလုံးတာဝန်ယူပြီးတော့ ဆေးဝါးကုသပေးမှာဖြစ်ပါတယ်ခင်ဗျာ။

မေး     - ဒီနေရာမှာကုသနိုင်ဖို့  လူနာတွေဘက်က ဘယ်လိုထောက်ခံချက်တွေလို လဲ၊ငွေကြေး တစ်စုံတစ်ရာ ကျခံရမှာမျိုးရှိပါသလား သိပါရစေရှင့်။

ဖြေ     - ငွေကြေးအားဖြင့်တစ်ပြားမှ  ပေးစရာမလိုပါဘူး၊ သူတို့အနေနဲ့ သက်ဆိုင်ရာ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက  တစ်ဆင့်  Refer  လုပ်တာမျိုး ၊    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုဗစ်ကြီးကြပ်ရေးကော်မတီကနေ  ပို့တာမျိုးလည်း  ရပါတယ်။  ဒါမှမဟုတ်  လူနာက ဆက်သွယ် ရတာခက်ခဲလို့ လူနာရဲ့အောက်စီဂျင်( ၉၃ နဲ့ ၇၀ ) ကြားဆိုရင် ကျွန်တော်တို့ စင်တာကို တိုက်ရိုက်ဆက်သွယ်ပြီးလာလို့ ရပါတယ်ခင်ဗျာ။

မေး     -        ယခုလက်ရှိ လူနာ(၅၀)ကနေ နောက်ထပ်တိုးချဲ့ကုသဖို့ အစီအစဉ်ရှိပါသလားရှင့်။

ဖြေ     -        ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ ယခုလူနာ(၅၀)ကို တစ်ပိုင်တစ်နိုင် ကုသကြည့်မယ်။ လုပ်ကြည့်လို့အဆင်ပြေလာတယ် ဆိုရင်တော့ လူနာ(၂၀၀)ထိ တို့ချဲ့ပြီးကုသပေးဖို့ အစီအစဉ် ရှိပါတယ်။

မေး     -        APC ကိုဗစ်-၁၉ ကုသရေးစင်တာကို အဓိကလုပ်ဆောင်ဖြစ်တဲ့ အကြောင်းရင်းနဲ့ APC Group အနေနဲ့ ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး ဆောင်ရွက်နေမှုအခြေအနေကို သိပါရစေရှင်။

ဖြေ     - ကျွန်တော်တို့   Asia   Pacific  Business   Group   Public   Company   Limited  အနေနဲ့ ရှယ်ယာရှင် တွေပူးပေါင်းပြီး ငွေကြေးစိုက်ထုတ်မှုတွေနဲ့ ဒီစင်တာကို ဆောင်ရွက်တာ ဖြစ်ပါတယ်။  အဓိကအနေနဲ့  တစ်နိုင်ငံလုံးမှာ  ဆေးရုံတက်ရောက်ဖို့   အခက်အခဲကြုံတွေ့ နေရသူတွေ၊ ဆေးရုံတက်ချင်ပေမယ့်လည်း ဆေးရုံမှာ ကုတင်လုံလောက်မှု မရှိတာတွေ အတွက် ခုလိုဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ နောက်မကျဘူးလို့တော့ ထင်ပါတယ်။ ပြင်ဆင်ခဲ့တာတော့ နှစ်လလောက်ရှိပါပြီ စီးပွားရေးသမားတွေ ပူးပေါင်းပြီးတော့ ငွေကြေးစု ဆောင်းမှုတွေသေချာအောင်၊ တိကျအောင် ဆောင်ရွက်ပြီးမှ ဆေးလာရောက်ကုသသူတွေ လိုလေးသေးမရှိအောင် အတတ် နိုင်ဆုံး ဆောင်ရွက်ပေးထားပါတယ်။

မေး     -        ဒီကုသရေးစင်တာကြီး    ပေါ်ပေါက်လာတာနဲ့      ပတ်သက်ပြီး      ဦးဆောင်သူ တွေဘက်ကဝမ်းမြောက်ကြောင်း စကားလေးကြားသိပါရစေရှင့်။

ဖြေ -   ကျွန်တော်တို့ဘက်ကနေ  ဒီစင်တာကြီးကို  အောင်မြင်အောင် မျှော်မှန်းထားပါတယ်။ အဓိကကတော့ ဆရာဝန်များရဲ့ကုသမှု အပိုင်းပါ။ဒီစင်တာမှာ ဆရာဝန်တော်တော် များများကလည်း ပူးပေါင်းပြီး   ပါဝင်ပါတယ်။   ဆရာဝန်  (၈)ဦး  နဲ့  ကုသပေးသွားမှာ ဖြစ်ပါတယ်။ လူနာတွေ တစ်ဘက်တစ်လမ်းက အခက်အခဲဖြစ်နေတာကို ကူညီဖြည့်ဆည်းခွင့် ရတဲ့အတွက် အများကြီးဝမ်းသာမိပါတယ်ခင်ဗျာ။

 

ဒေါက်တာရည်မွန်လှိုင်(စေတနာ့ဝန်ထမ်း)

မေး     -        APC ကိုဗစ်-၁၉ ကုသရေးစင်တာမှာ ဒေါက်တာတို့အနေနဲ့ ဘယ်လိုကဏ္ဍကနေ ပူးပေါင်း ပါဝင် သွားမှာလဲဆိုတာသိပါရစေရှင့်။

ဖြေ     -        ကျွန်မတို့က Volunteer အနေနဲ့ရော ဆရာဝန်အနေနဲ့ရော  ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကုသရေးပိုင်းမှာဆိုရင် သမားတော်လည်းရှိပါ တယ်။ ကုသပေးမယ့်ဆရာဝန် တွေလည်းရှိပါတယ်။

မေး     - လူနာတွေအတွက်   ကုသရေးအပိုင်းအနေနဲ့   ပြင်ဆင်ဆောင်ရွက်ထားရှိမှု   အခြေအနေတွေ ကိုလည်း သိပါရစေရှင့်။

ဖြေ     -        ကုသမှုအပိုင်းမှာဆိုရင်   သမားတော်ကတော့   Gide Line တွေချပေးပါတယ်။    အဲ့ဒီအတိုင်း ကုသမှုတွေကို ဆက်လုပ်ပေးသွားမယ်။ အောက်စီဂျင်ကလည်း လုံလုံလောက် လောက် ပေးနိုင်တဲ့အနေအထားမှာ ရှိပါတယ်။ အောက်စီဂျင် (၄၀ လီတာ) အလုံးသုံးရာ လောက် စီစဉ်ထားတယ်။ နောက် Concentrator အပိုင်းနဲ့ပတ်သက်ပြီး တော့လည်း ကုတင် (၅၀) စာ ကိုတစ်ယောက်တစ်လုံး ထားရှိပေးထားလို့ အောက်စီဂျင် Supply လုံလုံလောက် လောက်ပေးနိုင်မယ်လို့ ယူဆပါတယ်။

 

ဦးခင်မောင်ဝင်း (အဖွဲ့ခေါင်းဆောင်)

APC ကိုဗစ်-၁၉ ကုသရေးစင်တာသယ်ယူပို့ဆောင်ရေးအဖွဲ့

မေး     -        APC ကိုဗစ်-၁၉ ကုသရေးစင်တာမှာ တာဝန်ယူဆောင်ရွက်သွားမယ့် အပိုင်းနဲ့ ဆောင်ရွက်သွားမယ့် လုပ်ငန်းအစီအစဉ်တွေကို သိပါရစေရှင်။

ဖြေ     -        ကျွန်တော်တို့   ဩဂုတ်လ (၁၂) ရက်နေ့ ညနေ (၅) နာရီက   စလို ကိုဗစ်လူနာ တွေကို စတင်လက်ခံမှာဖြစ်ပါတယ်။ လူနာတွေက ကျွန်တော်တို့စင်တာ ဖုန်းနံပါတ် ဖြစ်တဲ့ ၀၉-၄၂၂၅၇၇ ၇၇၅ ကို ဆက်သွယ်ရမှာပါ။ ဆရာဝန်တွေကလက်ခံကုသမယ့် သူတွေကို ကျွန်တော်တို့က အရေးပေါ် ICU မှာ အရင်ထည့်ပါမယ်။ ပြီးရင် အထဲမှာ ဆက်လက်ကုသပေးမှာ ဖြစ်ပါတယ်။ Positive လူနာတွေကိုပဲ လက်ခံကုသပေးမှာပါ။ Negative ဆိုရင်တော့ လက်မခံပါဘူး။ အခုလက်ရှိလူနာတွေကို နိုင်နိုင်နင်းနင်း ကုသမှုပေးနိုင်ရင်တော့ နောက်ထပ် လူနာတွေ လက်ခံကုသပေးဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တာဝန်ယူရတဲ့အပိုင်းကတော့ လူနာတွေကို သယ်ယူပို့ဆောင် ပေးရတဲ့အပိုင်းပါ။ စင်တာကို ဖုန်းဆက်ပြီး စင်တာက လက်ခံကုသပေးမယ့် လူနာတွေကို အိမ်လိပ်စာအတိအကျနဲ့ သွားရောက်ခေါ် ဆောင်မှာပါ။ အရေးပေါ်ကား (၁၂) စီးထားရှိ ဆောင်ရွက်သွားမှာပါ။ လူနာကိုခေါ်ဆောင်ရာမှာလည်း ငွေကြေး တစ်စုံတစ်ရာ ပေးရတာမျိုး မရှိပါဘူး။ လူနာတွေအတွက်လည်း နံနက်စာ၊ နေ့လယ်စာနဲ့ ညစာတွေကို စင်တာကနေပဲ ကျွေးမွေးမှာဖြစ်ပါတယ်။ ဆေးဝါးလည်း အားလုံးအဆင်သင့်ရှိ ပါတယ်ခင်ဗျာ။

ချစ်စုဝေ

No comments:

Post a Comment