Friday, August 13, 2021

တာချီလိတ်၌ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေလျှံမှုဖြစ်ပေါ်ခဲ့ရာမှ တင်ကျန်ရစ်သည့် အမှိုက်များ ရွှံ့နွံများအား ရှင်းလင်းဖယ်ရှား

 


 





 

တာချီလိတ် ဩဂုတ် ၁၃

 

တာချီလိတ်မြို့တွင် သြဂုတ် ၁၁ ရက်နေ့ နံနက်အစောပိုင်းကမိုးသည်းထန်စွာရွာသွန်းခဲ့၍ မြို့တွင်းစီးဆင်းနေသည့်  နမ့်ယွန်းချောင်းရေလျှံခဲ့မှုကြောင့်  ၎င်းချောင်းရေ ဝင်ရောက်ခဲ့မှု နှင့်အတူ တင်ကျန်ရစ်ခဲ့သည့်အမှိုက်များနှင့် ရွှံ့နွံများကိုနယ်မြေခံ တပ်မတော်သားများ၊ မြို့နယ်စည်ပင်သာယာ ရေးဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်က ဆက် လက်ရှင်းလင်းဖယ်ရှားခြင်းများ​ ပြလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ခေါင်ရပ်ကွက်၊ ရွှေမြေသာယာပုဂ္ဂလိကဈေးအနီး လမ်းများနှင့် နေအိမ်များအတွင်းအမှိုက်များနှင့် ရွှံ့နွံ့များတင်ကျန်ခဲ့မှုများကို   ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီးသိန်းဇော်၊​ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့်နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်စည်ပင်သာ ယာရေးဌာန နှင့်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းပြီး အမှိုက်များဆယ်ယူရှင်း လင်းခြင်း၊ ရွှံ့နွံများဖယ်ရှား ရှင်းလင်းဆေးကြောခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်း ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ ကြသည်။

ထို့အပြင် တပ်မတော်သားများသည် ဝမ်လုံးကျေးရွာအုပ်စု၊ ဝမ်မိုင်ရွာအနီး ရွှေဘုန်းမြင့်တောရ ကျောင်းသွားလမ်းတွင် လမ်းဘေးရေမြောင်းများ ပြန်လည်တူးဖော်ခြင်းနှင့် ကျောင်းပရဝုဏ်အ တွင်း တင်ကျန်ခဲ့သော  ရွှံ့နွံ့များကို မီးသတ်ရေပိုက်များဖြင့် ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

ယာဆေး

No comments:

Post a Comment