ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အသက်၆၅နှစ်အထက်နှင့် ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အုန်းပင်စုရပ်ကွက်၊ ဘုရားလမ်းမကြီးဘေးရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ပြည်သူ့ဆေးရုံတို့၌ စုရပ်အခြေပြု၍ သြဂုတ်လ (၂) ရက်နေ့မှ စတင်၍ သြဂုတ်လ (၁၁)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်ဖြစ် မြို့နယ်အတွင်း သတ်မှတ်ထားသော ဦးစားပေးအုပ်စုများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက်၆၅နှစ်အထက် ဘိုးဘွား(၅၄၀)ဦး၊ အစိုးရ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း (၆၄)ဦး၊ Volunteer၊ ပရဟိတ(၃၄၉)ဦး၊ ဘုန်းတော်ကြီး၊ သီလရှင်၊ ဘာသာရေး ကျောင်း(၃၁၁)ဦး၊ နိုင်ငံဝန်ထမ်း(၂၇၆)ဦး၊ နိုင်ငံဝန်ထမ်းမိသားစု (၂၇)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၁၉)ဦးနှင့် Super Market၊ စျေးသူ၊ စျေးသား (၂၁၄)ဦး စုစုပေါင်း(၁၈၀၀)ကို သြဂုတ်လ(၁၁)ရက်နေ့ထိ ပထမအကြိမ် SINOVAC ဆေးထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
တွံတေးမြို့နယ်၌ ရပ်ကွက် (၈)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၅)အုပ်စု၊ ကျေးရွာစုစုပေါင်း ၁၃၅ ရွာမှ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများနှင့် မိသားစုများ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းမှ ပုဂ္ဂိုလ်များ၊ စူပါမားကတ်များနှင့် ဈေးများမှ ဝန်ထမ်းများ နှင့် ဒေသခံပြည်သူများကို သြဂုတ်လ ၂ ရက်နေ့မှ စတင်၍ သြဂုတ်လ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၁၈၀၀) အထိ ဦးရှိပြီးဖြစ်ကြောင်း၊ ပထမအကြိမ်ထိုးနှံပြီး သူများအား ဒုတိယအကြိမ်စက်တင်ဘာ(၂)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း အစီအစဉ် တွင် ဆက်လက်၍ ထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံကြသော မိဘပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များ၊ ပရဟိတ စေတနာ့ဝန်ထမ်းများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းတွင် ဇွန်(၂၇)ရက်မှ သြဂုတ်(၁၂)ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိအတည်ပြုလူနာ (၅၆၄)ဦး ရှိခဲ့ပြီး သက်သာ၍ Quarantine စင်တာများမှ ဆင်းခွင့်ရသူ (၃၅၀)ဦးနှင့် သေဆုံးသူ (၁၂၇)ဦးရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:
Post a Comment