လက်ပံတန်း ဩဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် လက်ပံတန်းမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကန်ကျေးရွာ အဆင့်မြင့်လယ်ယာ ဧကတစ်ရာ စီမံကိန်း ရှင်းလင်းဆောင်၌ အဆင့်မြင့်လယ်ယာ ဧကတစ်ရာစီမံကိန်းမှ တောင်သူ ၁၅ဦးအား တစ်ဧကတင်း (၁၀၀) ထွက်ရှိရေး ဧက (၁၀၀)အတွက် ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်၍ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က စက်မှုလယ်ယာစနစ်ကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလုပ်ဆောင် စေရန်နှင့် လိုအပ်သော လယ်ယာသုံးစက်ပစ္စည်းများကို တောင်သူများ ဝယ်ယူလိုလျှင် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော တောင်ကြို့ကုန်းလမ်း (၂/၂) မိုင် ကွန်ကရစ်ခင်းခြင်းအား ကြည့်ရှုစစ်ဆေးပြီး အရည် အသွေး ပြည့်မှီစွာဖြင့် အချိန်မီပြီးစီးစေရေး ဆောင်ရွက်ရန်နှင့် ကျန်ရှိသော အပိုင်းများအား နောင်ဘဏ္ဍာနှစ် များတွင် ဆက်လက် လျာထားသွားရန် လမ်းညွန်မှာကြားခဲ့သည်။
ဝင့်နန္ဒာဌေး

No comments:
Post a Comment