မင်းဘူး ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ စာသင်တိုက်များနှင့် သီလရှင်ကျောင်းများ အတွက် ဝါတွင်းကာလနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်ကာလအတွင်း ဆွမ်း၊ ကွမ်းသပ်ဘာရ ပြည့်စုံနိုင် စေရန်ရည်ရွယ်၍ ဌာနဆိုင်ရာများစုပေါင်းပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ကျောင်းတိုက်များသို့ သွာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်လှူဒါန်းရာတွင် စာသင်တိုက်ဘုန်းတော်ကြီးကျောင်း (၃)ကျောင်းနှင့် သီလရှင် ကျောင်း (၁)ကျောင်းတို့အတွက် တစ်ကျောင်းလျှင် ဆန် (၄)အိတ်နှုန်း၊ ဆီ (၅)ပိဿာဗူး တစ်ဗူး၊ ကြက်ဥအလုံး(၃၀)ပါ (၅)ကဒ်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အမျှအတမ်းများ ပေးဝေခဲ့ကြသည်။
“မင်းဘူးမြို့မှာရှိတဲ့ စာသင်တိုက်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေမှာ သတင်းသုံးနေထိုင်တော်မူကြတဲ့ ဆရာတော်သံဃာတော်အရှင်သူမြတ်များနဲ့ သီလရှင်ဆရာလေး တွေအတွက် ဝါတွင်းကာလဖြစ်တာကြောင့်ရယ် ကိုဗစ်-၁၉ ရောဂါ ကူးဆက်ပျံ့နှံ့မှု ဖြစ်ပွားချိန် ကာလအတွင်းမှာ ဆွမ်း၊ ကွမ်း၊ ဆေး၊ ဝေယျာဝစ္စ အခက်အခဲမရှိ ပြည့်စုံနိုင်စေဖို့ ရည်ရွယ်ပြီးတော့ ဌာနဆိုင်ရာများစုပေါင်းကာ ဆွမ်းဆန်တော်နဲ့ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းရခြင်း ဖြစ်ပါတယ်”ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
အဆိုပါ စာသင်တိုက်ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဌာနဆိုင်ရာ များစုပေါင်း၍ လစဉ် ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်




No comments:
Post a Comment