ပွင့်ဖြူ ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ပန်းခင်း စီမံချက်နှင့် ပတ်သက်ပြီး အသိပညာပေးဆိုင်းဘုတ်များကို အများပြည်သူ သိရှိနိုင်ရေး မြို့တွင်းလမ်းဆုံ နေရာများ တွင် ဆောင်ရွက်ထားရှိပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများ အခက်အခဲမရှိ အဆင်ပြေစွာ လာရောက်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ရုံးပိတ်ရက်မရှိ နေ့စဉ်ပြုလုပ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သော “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကို ကိုင်ကြစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။
ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ပြုလုပ်ပေးခြင်းနှင့် စပ်လျဉ်းပြီး ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် ဦးစီးမှူး ဦးညွန့်ဝင်းထူးနှင့် ဝန်ထမ်းများအဖွဲ့ မြို့တွင်းလေးတိုင်စင် လမ်းဆုံနှင့် မြို့နယ်ဦးစီးမှူးရုံးရှေ့တို့တွင် အသိပညာပေး ဆိုင်းဘုတ် များ ဆောင်ရွက်ထားရှိပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )

No comments:
Post a Comment