Thursday, August 19, 2021

သရက်မြို့ စစ်လက်နက်စက်ရုံမှ စစ်သား(၁၅)ဦး လက်နက်များဖြင့်ထွက်ပြေးဆိုသည့် သတင်းမှာ သတင်းမှားသာဖြစ်

 





 

နေပြည်တော် ဩဂုတ် ၁၉

သရက်မြို့စစ်လက်နက်စက်ရုံမှ စစ်သား ၁၅ ဦး လက်နက်များဖြင့်ထွက်ပြေးဆိုသည့် ဖြစ်စဉ် နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးအား မေးမြန်းခဲ့ရာ “သရက်မြို့ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံက တပ်မတော်သား ၁၅ ဦး လက်နက်များဖြင့် ထွက်ပြေး သွားတယ်ဆိုပြီးတော့ Mizzima သတင်းဌာနကနေ ဖော်ပြထားတာကို တွေ့ရပါတယ် ၊ ဒါ့အပြင် ထားဝယ်မြို့တွင် တပ်မတော်သား ၂၅ ဦး လက်နက် အပြည့်အစုံဖြင့် ထွက်ပြေး တယ်ဆိုပြီး Khit Thit Media ကလည်း ဖော်ပြနေပါတယ်။ အဲဒီသတင်းတွေက  သတင်း အမှားပဲဖြစ်ပါတယ်။ လုံးဝမရှိပါဘူး။ အကြမ်းဖက်သမားတွေ ဖမ်းဆီး ထိန်းသိမ်းခံရမှုများနေပြီး ထွက်ပြေးတိမ်း ရှောင်နေရတာတွေ များပြားနေတဲ့အတွက် အကြမ်းဖက်သမားတွေ စိတ်ဓါတ် ပြန်တက်ကြွလာအောင် ဝါဒဖြန့်ထုတ်ပြန် ပေးနေတဲ့ သတင်း တွေဖြစ်ပါတယ်။ အဲလိုသတင်းမျိုး တွေကို ဒီသတင်းဌာနတွေ ကနေ မကြာခဏ ဆိုသလို မဟုတ်မမှန် ရေးသားဖော်ပြနေကြတာ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ ဒီသတင်းဌာနတွေရဲ့ သတင်းကို မယုံကြဖို့ သတင်းပေး လိုပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

 

No comments:

Post a Comment