Thursday, August 19, 2021

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ဆိပ်ကြီးခနောင်တို မြို့နယ်နေ ပြည်သူများအား တန်ဖိုးသင့် ဆန်နှင့်ဆီများရောင်းချပေး

 


 





 

ဆိပ်ကြီးခနောင်တို ဩဂုတ် ၁၉

 

ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူ စားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ရန်ကုန်တောင်ပိုင်း ခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အတွင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ဆန်၊ ဆီ သယ်ယူ ပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်ဖြင့် မြို့နယ်နေပြည်သူများအား‌ အခြေခံ စားသောက်ကုန်များဖြစ်သည့်ဆန်နှင့် ဆီများကို ဈေးနှုန်းသင့်တင့်စွာ လာရောက်ရောင်းချပေးခဲ့ကြောင်းသိ ရသည်။

ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်း(၁)ပြည်လျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် (၅)ပြည် အိတ်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်း (၁)ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့်(၅)ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၈၅၀၀နှုန်းဖြင့်လည်းကောင်း ဆီ ၆၀ သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ ဖြင့်လည်းကောင်း စုစုပေါင်းဆန်အိတ် ၉၁ အိတ်နှင့် ဆီဘူး ၁၂၀ တို့ကို ခနောင်တိုအရှေ့ရပ်ကွက်၊ လေသာကွင်းကျောင်းလမ်းနှင့် ဆိပ်ကြီးအရှေ့ရပ်ကွက်၊ ဗဟိုလမ်းရှိ စလင်းကျောင်း တိုက်ရှေ့တို့တွင် ပြည်သူများအား ရောင်းချပေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဝေယံ

No comments:

Post a Comment