Thursday, August 19, 2021

သံဃာတော်များနှင့် သီလရှင်ဆရာလေးများကို ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲတို့အား ဆက်ကပ်လှူဒါန်း

 



မန္တလေး           ဩဂုတ်      ၁၉

သံဃာတော်များနှင့် သီလရှင်ဆရာလေးများကို ဆန်၊ဆီ၊ကြက်သွန်နီ၊ ကုလားပဲတို့အား ဆက်ကပ်လှူဒါန်းပွဲကို ယ​နေ့ မနက် ၉နာရီက မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၈၉လမ်း၊ ၃၉လမ်းနှင့် ၄၀ လမ်းကြားရှိ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒွိ လေးထပ် ကျောင်းဆောင်တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားအား နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃ နာယကအကျိုးတော်ဆောင်ဆရာတော်ဦးအဂ္ဂဓမ္မ ထံမှငါးပါးသီလ ခံယူဆောက်တည်ကာ မန္တလေးတိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ် ဝဏ္ဍကျော်ထင် ဦးမောင်ကိုမှ ဆန် ၊ ဆီ ၊ ကုလားပဲ ၊ ကြက်သွန်နီ၊လှူဒါန်းရသည့်များလျောက်ထားတော်မူပြီး မြို့နယ်သံဃနာယက (ဥက္ကဋ္ဌ) ဆရာတော် ဦးတိက္ခိန္ဒြိယာဘိဝံသထံ ဆန်၊ဆီ၊ကုလားပဲ၊ကြန်သွန်နီ တို့အားဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် မြို့နယ်သံဃနာယက(ဥက္ကဋ္ဌ)ဆရာတော်ထံမှ အနုမောဒနာ တရားနှင့် ရေစက်ချတရားဟောကြားချီးမြှင့်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ် ဝဏ္ဍကျော်ထင် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ နယ်လုံဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့်ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဦးကျော်လှိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူးဦးတင်မြင့်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း၊ ယနေ့ လှူဒါန်းသည့် ပစ္စည်းများမှာ ဆန်အိတ် (၉၄၂) အိတ်၊ (၆)ပြည်၊ဆီ (၁၈၈၄)ပိဿာ၊ (၅၀)ကျပ်သား၊ကုလားပဲ(၁၈၈၄)၊ (၅၀)ကျပ်သား၊ ကြက်သွန်နီ(၁၈၈၄)ပိဿာ၊(၅၀) ကျပ်သား ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်

No comments:

Post a Comment