နေပြည်တော်၊ သြဂုတ် ၉
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောက်ကြည့်ရမည့်သူများကို
တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင်
ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊
လူမှု့ရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက် ပေးလျှက် ရှိရာ ၄င်းလုပ်ငန်းများတွင်
အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့မင်းဓမ္မလမ်းရှိ တိုးချဲ့ ကာကွယ်ဆေး သိုလ်လှေင်အခန်းတွင်
တားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm များနှင့်ဆေးထိုးအပ်များအား သတ်မှတ်
အအေးလမ်ကြောင်း စံချိန်စံညွှန်းများ အတိုင်း ယနေ.နံနက်ပိုင်းတွင် တပ်မတော်လေယာဉ် ရဟတ်ယာဉ်တို့ဖြင့်
မြစ်ကြီးနားမြို့နှင့် ဘန်းမော်မြို့များ သို့ပို့ဆောင်ပေးသည်။
ထိုသို့ပို့ဆောင်ပေးရာတွင် မြစ်ကြီးနားမြို့သို့ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ၁၂ ပုံး၊အလုံးရေ
၃၇၀၀ လုံးနှင့်ဆေးထိုးအပ် ၁၀၆၀၀ ချောင်းတို့အားလည်းကောင်း၊ ဘန်းမော်မြို့သို့.ကိုဗစ်-၁၉.ရောဂါကာကွယ်ဆေး
၃ ပုံး ၊အလုံးရေ ၁၀၀၀ လုံးနှင့်ဆေးထိုးအပ် ၂၀၀၀ ချောင်းတို့အား လည်းကောင်း အသီးသီးပို့ဆောင်ပေးခဲ့ရာ
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများကလက်ခံရယူခဲ့ကြသည်။
ထိုသို့ ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ် ဆေးများကို ဉီးတည်အုပ်စု၊ လူဉီးရေဉီးစားပေး
အစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေး အတွက်ဆောင်ရွက်ချင်းဖြစ်ပြီး
ဝေးလံခက်ခဲသောဒေသများသို့ တပ်မတော်(လေ)ရှိ ပို့ဆောင်ရေးလေယာဉ်များနှင့် မြန်မာ့လေကြောင်းတို့၏အကူအညီများ
ရယူကာ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment