နေပြည်တော်၊ ဩဂုတ် ၉
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူ များအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တို့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊
မိုင်းယန်းမြို့နယ်နှင့် မိုင်းဆတ်မြို့နယ်များအတွင်းရှိ သံဃာတော် များ၊ သာသနာနွယ်ဝင်သီလရှင်များ၊
အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား များနှင့်ပြည်သူ စုစုပေါင်း ၃၄၈၅ ဦးအားလည်းကောင်း၊
တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၆ မြို့နယ်မှ အသက် ၆၅ နှစ် နှင့်အထက်
သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း
၃၃၉၇ ဦးတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၃ မြို့နယ်တို့မှ
အသက် ၆၅ နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်
ဒေသခံပြည်သူများ စုစုပေါင်း ၃၆၇၈ ဦးတို့အား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ
မြို့နယ်ပေါင်း ၂၆ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊
ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၀၁၁၄ ဦးတို့အား လည်းကောင်း၊
ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၁ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက်
သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၄၀၉၇ ဦးတို့ အားလည်းကောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီး မြို့နယ်နှင့် ပုလဲမြို့နယ်အတွင်းရှိ
အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း
၁၀၁၀ ဦးတို့အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်(၇)ခုရှိ မြို့နယ်များမှ
ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူ
စုစုပေါင်း ၈၇၇၅ ဦး တို့အားလည်းကောင်းတပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ
ဆရာဝန် များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့် ပူးပေါင်း၍ ကိုဗစ်-
၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန် ရှိသူများက
သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်း
ရရှိသည်။
သတင်းစဉ်
No comments:
Post a Comment