ကံမ ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကံမမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာများအတွက် အောက်ဆီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ယမန်နေ့ နေ့လယ်က လွှဲပြောင်းပေးအပ်ခဲ့သည်။
ကံမမြို့နယ်အတွင်း ဆေးရုံများတွင် ကိုဗစ်-၁၉ ကူးစက်ခံရပြီး အောက်ဆီဂျင်လိုအပ်သည့် လူနာများအတွက် အောက်ဆီဂျင် လုံလောက်မှုရရှိစေရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကံမမြို့နယ်သို့ အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၂၀ နှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြာင်းသိရသည်။
ကျော်ဇေယျဝင်း
No comments:
Post a Comment