Wednesday, August 18, 2021

ဟိုပန်မြို့၌ (၁၁)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်း၊ဆွမ်းဆန်၊ဆီ၊ဆား ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

May be an image of 1 person and indoor


ဟိုပန် ဩဂုတ် ၁၈
 
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် (၁၁)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်း ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆား ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဟိုပန်မြို့၊ မြို့မ သာသနာ့ရောင်ခြည်ကျောင်းတိုက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အကျဉ်းချုံး၍ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘဒ္ဒန္တသီဟဗလထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား)အတွင်းရေးမှူး ဦးထွန်းထွန်းဝင်း(ညွှန်ကြားရေးမှူး)နှင့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့က ပင့်သံဃာတော် (၉)ပါးနှင့် သီလရှင်(၃)ပါးတို့ကို ဝါဆိုသင်္ကန်း၊ သီလရှင်ဝတ်စုံ၊ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် ဆွမ်းကျိုင့်(၁၁)ကျိုင့်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်ချသာဓုအနုမောဒနာတရား နာယူခဲ့ကြသည်။
(၁၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့၊ တိုင်း ၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာများမှ အလှူရှင်များ၊ စေတနာရှင်ပြည်သူများက စုပေါင်းလှူဒါန်းသော ဝါဆိုသင်္ကန်း(၅၃၁)စုံ၊ သီလရှင်ဝတ်စုံ(၅၂)စုံ၊ ဆန်(၆၀)အိတ်၊ ဆီ(၆၀၀)ဗူး ၊ ဆား(၆၀)ပိဿာ
တန်ဖိုးငွေ(၈၈၁၇၅၀၀/-)တို့ကို ဟိုပန်မြို့နယ်တွင်း သီတင်းသုံးနေထိုင်တော်မူသော ရဟန်းသာမဏေ(၅၃၁)ပါး၊ သီလရှင်(၅၂)ပါးတို့အား သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး
များမှတစ်ဆင့် ဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment