Saturday, July 31, 2021

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) သို့ လှူဒါန်းနိုင်ရန် အသိပေးကြေညာချက်

 ၁။ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်နိုင်ရေးအတွက် COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) တွင် အောက်ပါအတိုင်း ဖွင့်လှစ် ထားပါသည်-

(က) ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန် ပုံငွေ(နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012)။

၎င်းစာရင်းတွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေ ကျပ် ၃၃၈ ဘီလီယံခန့်နှင့်ညီမျှသော အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို ထည့်သွင်းထားပါသည်။

(ခ) ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733)။

၎င်းစာရင်းတွင် နိုင်ငံတော်မှမတည်ရန်ပုံငွေကျပ် သန်း ၁,၀၀၀ ကို ထည့်သွင်းထားပါသည်။

၂။ သို့ဖြစ်ပါ၍ ကာကွယ်ဆေးဝယ်ယူရေးအတွက် ပြည်တွင်း/ ပြည်ပမှ ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ၊ အဖွဲ့ အစည်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)ရှိ COVID-19 ကာကွယ် ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012) သို့ မည်သည့်နိုင်ငံခြားငွေအမျိုး အစားကိုမဆို ထည့်ဝင်လှူဒါန်းနိုင်ပါ ကြောင်းနှင့် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733) သို့ မြန်မာကျပ်ငွေဖြင့် လှူဒါန်းနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

၃။ လှူဒါန်းသူများအနေဖြင့် ပြည်တွင်းနေရာဒေသအသီးသီးရှိ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများနှင့် အခြားပြည်တွင်း ပုဂ္ဂလိက ဘဏ်အသီးသီးတို့တွင် အထက်အပိုဒ် ၁ (က) နှင့် (ခ) ပါ ငွေစာရင်းအမှတ် များကို ဖော်ပြလှူဒါန်းနိုင်ပါသည်။

၄။ အလှူရှင်စာရင်းကို မှတ်တမ်းထားရှိနိုင်ရန်အတွက် လှူဒါန်းသူများအနေဖြင့် အလှူရှင်အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို ပြည်စုံစွာ ဖော်ပြပေးပါရန်နှင့် အလှူငွေများထည့်သွင်းပြီးပါက email: treasury05@365mopf.gov.mm,treasury10@365mopf.gov.mm သို့ အလှူငွေပေးသွင်းထားသည့် အထောက်အထားများကို ပေးပို့စေလိုပါသည်။

၅။ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်း လှူဒါန်းနိုင်ပါသည်။ ညွှန်ကြားရေးမှူးချုပ် ၀၆၇-၃၄၁၀၁၅၆

ငွေတိုက်ဦးစီးဌာန ၀၉-၄၅၀၄၅၅၂၃၇

ဒုတိယညွှန်ကြားရေးမှူးချုပ် ၀၆၇-၃၄၁၀၁၅၈

ငွေတိုက်ဦးစီးဌာန ၀၉-၂၅၄၅၅၈၄၂၄

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

No comments:

Post a Comment