ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ရှိ အ-ထ-က(လှည်းကူး)တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များကို တရုတ်နိုင်ငံ ထုတ် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး Sinopharm ပထမကြိမ် ထိုးနှံပေးနေမှုများကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ခွဲက ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လာရောက် ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး
စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကွယ်ဆေးထိုးနှံပေးရာသို့
ဆေးထိုးရန်လာရောက်သူများကို ရောဂါကူးစက်မှုမဖြစ်ပွါးစေရန် အတွက် တစ်ဦးနှင့်တဦး ၆ ပေအကွာဖြင့်
တန်းစီဝင်ရောက်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆေးထိုးပေးခြင်းနှင့်
ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် ကျန်းမာရေးဝန်ထမ်း များကို ကြည့်ရှုအားပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်
အရေးပေါ် တုန့်ပြန်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများကို
လိုအပ်သည် များလမ်းညွှန်မှား ကြားခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင်
အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် လှည်းကူးမြို့နယ်အတွင်းရှိ
ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့ဆေးရုံကြီးတွင် အများ အကျိုးဆောင်ရွက်နေသည့်
Volunteer များ၊ မြို့နယ်အတွင်းရှိ ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ စုစုပေါင်း ၂၅၇
ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်းသိရပြီး မြို့နယ်အတွင်းရှိ ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊
ပြည်သူ့ဝန်ထမ်းများ၊ ပြည်သူများ စသည့် ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေးထိုးပေးနိုင်ရန်
စာရင်းကောက်ယူလျက်ရှိပြီး ဆေးရရှိပါက သြဂုတ်လ ပထမပတ် အတွင်းစတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း
သတင်းရရှိသည်။
ကျော်ကျော်

No comments:
Post a Comment