Saturday, July 31, 2021

သိန္နီမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွား(၆၃)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ


သိန္နီ    ဇူလိုင်  ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွား(၆၃) ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၀၈:၀၀)နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံရာတွင် လူဦးရေထူးထပ်သော မြို့ပေါ်ရပ်ကွက်များအား ဦးစားပေးအဖြစ် စတင်ထိုးနှံခြင်း ဖြစ်ပြီး၊ သိန္နီတွင် အောင်မင်္ဂလာခန်းမ၌ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)နှင့် ရပ်ကွက်(၄)တို့မှ ဘိုးဘွားများကိုလည်းကောင်း၊ ကျန်ရှိနေသာ ဆေးထိုးစုရပ် (၆)ခုအား စံလောင်းတိုက်နယ်ဆေးရုံ၊ မိုင်းလီ ကျေးလက်ကျန်းမာရေးဌာနဌာန၊ မိုင်းပါးကျေးလက်ကျန်းမာရေးဌာနခွဲ၊ စယ်အူကျေးလက် ကျန်းမာဌာန၊ နမ့်စလပ်တိုက်နယ်ဆေးရုံ၊ နားတီးကျေးလက်ကျန်းမာရေးဌာန နေရာများခွဲကာ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။     

ရပ်ကွက်(၃)မှ လာရောက်ဆေးထိုးနှံသူ အသက်(၇၃)နှစ်ရှိ အဘိုးဦးအေးသောင်းက "အခု ဒီဆေး လာထိုးတာ  ဘာမှစိုးရိမ်စိတ်မဖြစ်ပါဘူး၊ ဒီကိုဗစ်ကာကွယ်ဆေးကို  ထိုးချင်းနေတာ၊  အခုထိုးရတော့ ပျော်တောင် ပျော်ပါသေးတယ်၊ အခြား လူတွေကိုလည်း ထိုးစေချင်တယ်၊  အခု  အဘတို့အိမ်မှာ  အဘတစ်ဦးပဲ ကာကွယ်ဆေးစပြီး ထိုးခွင့်ရတာပါ၊ ကျန်တဲ့အိမ်သားတွေ ဆေးထိုးခွင့်ရလာရင်လည်း ထိုးချင်ပါတယ်” ဟု ၎င်းကဆိုပါသည်။

အဆိုပါ ဆေးထိုးနှံမှု  စနစ်တကျရှိစေရန်အတွက် မြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီက    တစ်မြို့နယ်လုံးအတွက်  ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် စာရင်းကောက်ယူရေး အဖွဲ့ ဖွဲ့စည်းကာ အဖွဲ့(၁၃)ဖွဲ့ဖြင့် ရပ်ကွက်နှင့် တိုက်နယ်များအလိုက် ကြီးကြပ်ဆောင်ရွက်လျှက်ရှိပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေလင်းထွန်းနှင့် တာဝန်ရှိသူများကလည်း ဆေးထိုးနှံနေမှုများ ကို ကွင်းဆင်းကြည့်ရှု၍ အားပေးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့သိန္နီမြို့နယ်တွင် ဆေးထိုးစုရပ် အောင်မင်္ဂလာခန်းမ၌စုစုပေါင်း(၆၃)ဦးကို စတင်ထိုးနှံပေးနိုင်ခဲ့ ပြီး၊ ကျန်ရက်များတွင်လည်း ဆေးထိုးစုရပ်(၆)နေရာအား ဆက်လက်ထိုးနှံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  ကာကွယ်ဆေးထိုးနှံလိုသူများအား တာဝန်ရှိသူများက အဆင့်ဆင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သိန္နီမြို့နယ်တွင် ဇူလိုင်၃၀ရက်နေ့ထိ  ကိုဗစ်၁၉ပိုးတွေ့လူနာ (၄၃)ဦးရှိခဲ့ပြီး၊  သေဆုံးသူ(၂)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၁၄)ဦးရှိပြီဖြစ်ကာ လက်ရှိပိုးတွေ့လူနာ (၂၇)ဦးကို စောင့်ကြည့်ကုသမှုများ   ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အိဇာချို 

No comments:

Post a Comment