မိတ္ထီလာ ဇူလိုင် ၃၁
မိတ္ထီလာမြို့တွင် အသက်၆၅နှစ်အထက် အဘိုးအဘွားများကို နေရာ ၄ခု၌ ကိုဗစ်-၁၉ရောဂါကွယ်ဆေးပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းများကို ကျီတော်ကုန်းရပ်ကွက်
မိုးကောင်းဘုရားဓမ္မာရုံ၊ မြို့မရပ်ကွက် လင်းဇင်း
အမကကျောင်း၊ သီရိမင်္ဂလာရပ်ကွက် အောင်မင်္ဂလာခန်းမ နှင့်အောင်ဆန်းရပ်ကွက်ကျောက်ဖူးရပ်
အမကကျောင်းတို့တွင် အသက် ၆၅ နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းအား
ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက
ပူးပေါင်းဆောင်ရွက်ကြောင်းသိရသည်။ အဆိုပါနေရာ ၄ ခုတွင် အသက် ၆၅ နှစ်နှင့်အထက် အသက်အရွယ်ကြီး
စုစုပေါင်း ၄ဝ၀ ဦးကို ပထမအကြိမ် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ဆက်လက်၍
ကျန်ရှိနေသေးသည့် ရပ်ကွက်နယ်မြေများတွင် သတ်မှတ်နေရာများ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။
မိတ္ထီလာမြို့တွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးခြင်းအား အသက် ၆၅ နှစ်နှင့်အထက် အသက်အရွယ်ကြီးသူ ဘိုးဘွားများအား
ပထမဦးစားပေးစတင်ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးရန် အခြားကျန်ရှိနေသူများကိုလည်း
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
ချမ်းသာ

No comments:
Post a Comment