တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်အတွင်း စုရပ် (၃) နေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား များအား စုရပ်များတွင် ဩဂုတ် (၁)ရက် နေ့နှင့်(၂)ရက်နေ့၊ နံနက် (၈)နာရီမှ နေ့လည်(၂)နာရီအထိ လူမျိုးဘာသာမရွေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ကာကွယ်
ဆေးထိုးနှံပေးရာတွင် စုရပ် (၃)နေရာဖြစ်သော
ရေဖြုမြို့ (ဂ)ရပ်ကွက်၊ အ-လ-က
(၁)တွင်လည်းကောင်း၊ စုရပ်(၂)အဖြစ် အ-ထ-က
ကံပေါက်တွင် လည်းကောင်း၊ စုရပ်(၃)အ-ထ-က
ကလိန်အောင်တွင်လည်းကောင်း၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက်
သက်ကြီးရွယ်အိုများအား ထိုးနှံပေးသွားမည်ဖြစ်ပြီး
သက်ကြီး ဘိုးဘွားများအား
ထိုးနှံပြီးသွားပါက ကာကွယ် ဆေး မထိုးနှံရသေးသော အစိုးရဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊
ရဟန်း သံဃာနှင့် သီလရှင်များ၊
ပရဟိတအသင်းအဖွဲ့များ၊
ဈေးရောင်း ချသူများ၊
ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများမှ ပြည်သူများကို ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း
ရေဖြူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
ယခုထိုးနှံပေးမည့်
ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm
အမျိုးအစားဖြစ်ပြီး
ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက
ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment