Saturday, July 31, 2021

တုံတာမြို့တွင် အသက် ၁၈နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေးများ ထိုးနှံ

 


တုံတာ ဇူလိုင် ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်၁၈နှစ်နှင့်အထက်ပြည်သူများနှင့် ကိုဗစ်-၁၉ကာ ကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသော ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍တုံတာမြို့တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ကို ဆက်လက်ထိုးနှံပေးလျက်ရှိ သည်။

ထိုသို့ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် နယ်မြေမီးသတ်စခန်းမှ တာဝန်ရှိသူများက ကာကွယ်ဆေးလာရောက် ထိုးနှံသော ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းတို့ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသောကိုဗစ်-၁၉ ကာကွယ် ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျထိုးနှံပေးကြောင်း သိရသည်။

တုံတာမြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူပြည်သူများနှင့် ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသော ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို ဇူလိုင်လ ၃၁ရက်နေ့မှ သြဂုတ်လ ၂ရက်နေ့  နံနက် ၉နာရီမှ ညနေ ၃နာရီအထိ (၃) ရက်တာထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လှိုင်လှိုင်ငြိမ်း

No comments:

Post a Comment