မိုးမိတ် ဇူလိုင် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ရဟန်းသံဃာများနှင့် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ကာကွယ်ဆေး (Vero Cell) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီမှ စတင်၍ မြို့နယ်စည်ပင်သာယာခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ထိုးနှံရာ၌ အသက် ၇၅ နှစ်အထက်
သက်ကြီးဘိုးဘွားများအား ဦးစားပေး ထိုးနှံပေးလျက် ရှိသည်။ ကိုဗစ်ကာကွယ်ဆေးမထိုးမီ
စာရင်းပေးသွင်းခြင်း ၊
သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏာတိုင်းတာခြင်း၊
အပူချိန်တိုင်းတာခြင်း တို့ကို ဦးစွာဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ အခြေအနေမှန်ဖြစ်မှသာ
ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်။
အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နွယ်နီခိုင်က “ပထမဆုံးအကြိမ်းထိုးပေးတဲ့ကိုဗစ်
-၁၉ ကာကွယ် ဆေးတုန်းက ဆေးတစ်လုံးကို လူ ၁၀ ဦးထိုးရတာပါ အခု ထိုးတဲ့ကာကွယ်ဆေး (Vero
Cell ) ကတော့ ဆေးတစ်လုံးကို လူနှစ်ဦး ထိုးရတဲ့ဆေးဖြစ်ပါတယ် ၊
ကာကွယ်ဆေးထိုးပြီးပြီဆိုပေမယ့်လည် ပေါ့ပေါ့ဆဆမနေသင့်ပါဘူး Social Distancing နေထိုင်ခြင်း
၊ Mask တပ်ခြင်း၊ လက်ဆေးခြင်းတွေကို ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပါတယ်” လို့
ပြောသည်။
ယနေ့ကတော့ မြို့ပေါ်လေးရပ်ကွက်ရှိ အသက် (၇၅) နှစ် အထက်သက်ကြီးဘိုးဘွားများကို
ဦးစားပေး ထိုးနှံလျက်ရှိကာ ကျန်ကျေးရွာများရှိ သက်ကြီး ဘိုးဘွားများကိုလည်း
ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ပြီး မြို့နယ်ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ
ဦးအောင်ဘော်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မိုးမိတ်သား(စည်သူဌေး)

No comments:
Post a Comment