Saturday, July 31, 2021

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တွေ့ဆုံမေးမြန်းခြင်း


 

မိုင်းဆတ်ခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု၊ Oxygen Plant တည်ဆောက်မည့် အခြေအနေနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တွေ့ဆုံမေးမြန်းထားပါသည်-

တွေ့ဆုံမေးမြန်း-သန်းဇော်၊ မြင့်မောင်

မေး။     မိုင်းဆတ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေကို သိလိုပါတယ်။

ဖြေ။     မိုင်းဆတ်ခရိုင်အတွင်းမှာ Covishield ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ(၅၈၀၁)ဦးရှိပါ တယ်။ခရိုင်အတွင်းရှိဆေးထိုးနှံပေးရမည့်လူဦးရေရဲ့ (၇.၃၄)ရာခိုင်နှုန်း ထိုးနှံပြီးပါပြီ။

မေး။     အခုအကြိမ်မှာ Sinopharm ကာကွယ်ဆေးရရှိမှုနဲ့ ဆေးစတင်ထိုးနှံပေးမည့် နေ့ရက်၊ အချိန်ကို              သိလိုပါတယ်။

ဖြေ။ မိုင်းဆတ်ခရိုင်အတွက် Sinopharm ကာကွယ်ဆေး (၁၅၀၅) လုံးရရှိမှာဖြစ်ပြီး မိုင်းဆတ်မြို့နယ်             အတွက်(၁၀၀၈)လုံးနဲ့ မိုင်းတုံမြို့နယ်အတွက်(၄၉၇)လုံး ဖြစ်ပါတယ်။  ကာကွယ်ဆေးကို ဇူလိုင်လ        ၃၁ ရက်နေ့က        စတင်ပြီး ဩဂုတ်လ ၃ ရက်နေ့ထိ နေ့စဉ် နံနက် ၉ နာရီကနေ ညနေ ၄ နာရီထိ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။

မေး။     ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်ဆောင်ရွက်ထားရှိမှုနဲ့ ဆေးထိုးနှံပေးမည့်သူဦးရေကို သိချင်ပါတယ်။

ဖြေ။     ပြည်သူများ ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေချောမွေ့စေဖို့ မိုင်းဆတ်မြို့နယ်မှာ ပြည်သူ့ဆေးရုံ      အပါအဝင် ကာကွယ်ဆေးထိုးနှံပေးမည့်် စုရပ်(၁၁)ခုသတ်မှတ်ထားရှိပြီး လူဦးရေ(၂၀၁၆)ဦးနဲ့ မိုင်းတုံ         မြို့နယ်မှာ စုရပ်(၄)ခုသတ်မှတ်ထားပြီး လူဦးရေ(၉၉၄)ဦး စုစုပေါင်းလူဦးရေ(၃၀၁၀)ဦးကို ထိုးနှံပေး  သွားမှာဖြစ်ပါတယ်။ အခုအကြိမ် ထိုးပြီးသွားပြီဆိုရင် ခရိုင်အနေနဲ့ ကာကွယ်ဆေးထိုးခွင့်ရှိတဲ့လူဦး   ရေရဲ့ (၁၁)ရာခိုင်နှုန်းကျော်ကို ထိုးနှံပြီးသွားမှာ ဖြစ်ပါတယ်။   

မေး။     မိုင်းဆတ်ခရိုင်မှာ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်အတွင်း အတည်ပြုလူနာ ဘယ်လောက်ရှိပါသလဲ။

ဖြေ။     ဇူလိုင်လ ၃၀ ရက်နေ့အထိ မိုင်းဆတ်မြို့နယ်မှာ (၂၈)ဦးနဲ့ မိုင်းတုံမြို့နယ်မှာ (၄၈)ဦး စုစုပေါင်း (၇၆)             ဦးကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိဆေးကုသမှုခံယူနေသူ(၅၀)ဦး၊ ရောဂါသက်သာပျောက်    ကင်းပြီး‌ ဆေးရုံဆင်းခွင့်ပြုခဲ့သူ(၂၆)ဦး ရှိပါတယ်။ သေဆုံးသူ မရှိပါဘူး။

မေး။     ကိုဗစ်ရောဂါအတည်ပြုလူနာများ၊ ထိတွေ့မှုရှိခဲ့သူများကို ဘယ်လိုကုသဆောင်ရွက်ပေးနေပါသလဲ။

ဖြေ။     မိုင်းဆတ်ခရိုင်မှာ ကုသရေးစင်တာ(၂)ခု၊ အတည်ပြုလူနာထားဖို့ Center (၅)ခု၊ Quarantine    Center (၆)ခု ဆောင်ရွက်ထားပြီး အတည်ပြုလူနာများကို မိုင်းဆတ်မြို့နယ်မှာ ဆရာဝန်တစ်ဦးနဲ့      မိုင်းတုံမြို့နယ်မှာ ဆရာဝန်တစ်ဦးတို့ ဦးဆောင်တဲ့သူနာပြုတွေက ဆေးကုသမှုပေးနေပါတယ်။

မေး။     အောက်ဆီဂျင် ရရှိရေးနဲ့ပတ်သက်ပြီး ဘယ်လို စီမံထားပါသလဲ။

ဖြေ။     အခုချိန်ထိ ခရိုင်အတွင်းမှာ အောက်ဆီဂျင်ပေးရတဲ့ ကိုဗစ်အတည်ပြုလူနာမရှိသေးပါဘူး။ မြို့နယ်             ပြည်သူ့ဆေးရုံအသီးသီးမှာ (၁၅)လီတာနဲ့(၁၀)လီတာဆံ့ အိုးပေါင်း(၃၀)လုံးနဲ့ တြိဂံတိုင်းစစ်ဌာချုပ်       က လှူဒါန်းပေးထားတဲ့ (၄၀)လီတာဆံ့အိုး(၅)လုံးရှိပါတယ်။ လတ်တလောလိုအပ်လာရင် အသုံးပြုနိုင်ဖို့ လီတာ(၄၀)ဆံ့ အောက်ဆီဂျင်အိုး(၅၀)လုံးကို ဝယ်ယူထားပါတယ်။ ဒါ့အပြင် တစ်ရက်ကို(၄၀) လီတာဆံ့ အောက်ဆီဂျင်အိုးအလုံး(၁၀၀)ခန့်ကိုထုတ်လုပ်ပေးနိုင်မည့် အမေရိကန်ဒေါ်လာ(၆၀၀၀၀) တန် Oxygen Plant တစ်ခုကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ မတည်ငွေကျပ်သိန်း (၅၅၀)နဲ့ ဌာနဆိုင်များ၊ အလှူရှင်များစုပေါင်းပြီး ဝယ်ယူထားပါပြီ။ ဩဂုတ်လ ပထမပတ် ကုန်လောက်မှာ         ရန်ကုန်ဆိပ်ကမ်းကို ရောက်ပါ့မယ်။ မိုင်းဆတ်မြို့နယ် ပြည်သူ့ဆေးရုံဝင်းမှာ ဩဂုတ်လ တတိယပတ်လောက် စတင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

မေး။     ရောဂါကာကွယ်ထိန်းချုပ်ရေး စီမံဆောင်ရွက်နေမှုကိုလည်း သိချင်ပါတယ်။

ဖြေ။     ခရိုင်အတွင်းကို အခြားမြို့နယ်တွေက ဝင်လာနိုင်တဲ့လမ်းကြောင်းများမှာ ကျန်းမာရေးစစ်ဆေးရေး           ဂိတ်တွေဖွင့်လှစ်ပြီး ဌာနဆိုင်ရာနဲ့လူမှုရေးအသင်းအဖွဲ့တွေက နေ့စဉ် စစ်ဆေးလျက်ရှိပါတယ်။ ဒါအပြင် mask တပ်ဆင်သွားလာရေး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာရေးကို တိုင်းရင်းသားဘာသာစကားတွေနဲ့ပါ အသံချဲ့စက်တွေနဲ့လိုက်လံအသိပေး ဆောင်ရွက်လျက် ရှိပါတယ်။

မေး။     ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ ပြည်သူလူထုကို ဘာများအသိပေးချင်ပါသလဲ။

ဖြေ။ တတ်နိုင်သမျှ မိမိတို့အိမ်တွင်နေထိုင်ပါ။ အပထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပဆင်ထားပါ။ လူအများနှင့်ထိတွေ့ ဆက်ဆံရပါက မျက်နှာအကာ(Face Shield)ကို တွဲဖက်တပ် ဆင်ပါ။ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ။ လူစုလူဝေးရှောင်ပါ။ လက်ကို (၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောပါ။ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေ ဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ကျဉ်ကြပါ။ မိမိ က သူတစ်ပါးအိမ်သို့ သွားရောက်ခြင်း၊ သူတစ်ပါးကိုလည်း မိမိအိမ်လာရောက်ခြင်းများကိုရှောင်ကြဉ် ပါ။ အခုကာလသည် ဝါတွင်းကလဖြစ်၍ ဗုဒ္ဓဘာသာဝင်များ ဥပုဒ်သီလစောင့်တည်ခြင်းကို ကိုဗစ်-၁၉ ရောဂါစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေဖို့ အသိပေးပန်ကြားလိုပါတယ်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment