မုံရွာ ဇူလိုင် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနိုင်းအစည်းအဝေး(၁၂/၂၀၂၁)ကို ယမန်နေ့ နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက အမှာစကား ပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ
မြို့နယ်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် မြို့ဝင်/မြို့ထွက်
စစ်ဆေးရေးဂိတ်များအား စနစ်တကျစီမံ ဆောင်ရွက်ကြ ရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ဆေးထိုးဆောင်ရွက်ရာတွင် မြို့နယ်များ အနေဖြင့် ကြိုတင်၍ စာရင်းဇယာများစနစ်တကျ
ပြုစုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးများ ရောက်ရှိလာပါက မြို့နယ်များအနေဖြင့်
ကာကွယ်ဆေးထိုးမည့်လုပ်ငန်းများကို စနစ်တကျစီမံ ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးအတွင်း
လိုအပ်နေသည့် အောက်ဆီဂျင်အိုးများ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်ပါ ကြောင်း “ ထည့်သွင်းပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော
တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများနှင့်
တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ
ကြိုတင်ဆောင်ရွက်မည့် လုပ်ငန်း များနှင့်ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊
ကာကွယ်ဆေးထိုးခြင်း ဆိုင်ရာ လုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ်
လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို
ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး
ဝင်းတင်စိုးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာ-အရာတော်-ရွာသာကြီးလမ်းနှင့်
ရွှေဘို-အုန်းတော-စစ်ကိုင်း လမ်းဘေးဝဲယာရှိ သဖန်းဆိပ်ဆည်ရေသောက် ဆည်ရေဖြင့် စနစ်တကျစိုက်ပျိုးထားသော
စပါးများပျိုးထောင် ထားရှိမှုအား ကြည့်ရှု့ စစ်ဆေးခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ မြို့တော်ခန်းမတွင် ပြည်သူများအား
ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှု့အားပေးပြီး အဆိုပါခန်းမတွင်
ရွှေဘိုခရိုင်အတွင်းရှိ ကိုဗစ်-၁၉ အတည်ပြု လူနာများ၊ ကျန်းမာရေးဝန်ထမ်း များနှင့်
Volunteer များအား စားသောက်ဖွယ် ရာများ၊ အောက်ဆီဂျင် ၄၀ လီတာဆံ့ (၁၀၅)အိုးနှင့် ကိုဗစ်-၁၉
ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ရွှေဘိုခရိုင်အတွင်းရှိ
ကိုဗစ်-၁၉ အတည်ပြုလူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် စားသောက်ဖွယ်ရာများ၊
အောက်ဆီဂျင် ၄၀ လီတာဆံ့ (၁၀၅)အိုးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို တာဝန်ရှိသူများထံ
ထောက်ပံ့ပေးအပ်ကြပြီး ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးဦးက ရွှေဘိုမြို့နယ်
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး
အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ သူနာပြုသင်တန်းကျောင်းသို့
ရောက်ရှိရာ ကျောင်းအုပ် ဆရာမကြီးက သင်ကြားရေးအခြေအနေများနှင့် ကျောင်းပြန်လည်ဖွင့်နိုင်ရေး
လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး
Dr စောသက်လျာအောင် မှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များ ဆေးကုသပေးမှုအခြေနေများအား
လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်မျိုးဝင်း က ကိုဗစ်-၁၉-ရောဂါ
ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား အသီးသီးဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကိုဗစ်-၁၉
ရောဂါ အတည်ပြုလူနာများ ဆေးကုသပေးမှု အခြေနေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြချက်များအပေါ်
လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွင်း
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ကုသရေးစင်တာအား ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
ဦးမောင်မောင်လင်းနှင့် တာဝန်ရှိ သူများသည် ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင်စက်ရုံအားကြည့်ရှု့စစ်ဆေးကာ
ခန်းမဆောင် တွင် အထူးကု ဆရာဝန်ကြီများမှ လူနာများအားဆေးကုသပေးနေမှု အခြေအနေများကို
ရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းက
ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်
ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ပေးအပ်ပြီး ရွှေဘိုမြို့၊ မြို့ဝင်မုဒ်ဦးတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်
အပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေး နေမှုအား ကြည့်ရှု့စစ်ဆေးပြီး
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများအား ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး ပြန်/ဆက်
No comments:
Post a Comment