စစ်တွေ ဇူလိုင် ၃၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်ပြီး ထိုးနှံပေးလျက်ရှိသည်။
ထိုသို့
ကိုဗစ်-၁၉ ရောဂါကာဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေး
ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေး
အတွင်းအောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား
ရှိမှသာ ကာကွယ်ဆေးထိုးနှံပေး ကြခြင်းဖြစ်သည်။
စစ်တွေမြို့တွင်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို စစ်တွေမြို့၊ ပြည်တော်သာ ရပ်ကွက်ရှိ အမှတ်(၄)
အခြေခံပညာအထက်တန်းကျောင်းနှင့် ဘောက်သီးစုရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာကျောင်း တို့တွင်
ယနေ့နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင်နှစ်ချိန်ခွဲ၍ တစ်ရပ်ကွက်တွင် လူဦးရေ ၁၀၀ စီခွဲကာ
ထိုးနှံပေးလျက်ရှိသည်။ အလားတူ စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးကို ဩဂုတ်လ
၁ ရက်နေ့တွင် အမှတ်(၂) အခြေခံပညာအထက်ကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း
(မင်းဂံ) နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် ထိုးနှံပေးသွားမည်ဖြစ်ပြီး
ဩဂုတ်လ ၂ ရက်နေ့တွင် အဆိုပါနေရာ ၄ ခုအပြင် ပါဒလိပ်ကျေးရွာရှိ လူငယ်စင်တာတွင်လည်းထိုးနှံပေးသွား
မည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးမှုနှင့်ပတ်သက်၍
စစ်တွေမြို့ ပြည်တော်သာရပ်ကွက်၊ ဖိုးသာရွာက အသက် ၆၈ အရွယ် ဦးဘသိန်းက “ဒီနေ့ကျနော်ဆေးထိုးပြီးပါပြီ၊
ဆေးထိုးတာ တော်တော့ကိုယ်နာမယ် လို့ထင်ခဲ့တယ်၊ ဒါပေမယ့် မနာပါဘူး၊ ဒါကြောင့် ပြည်သူပြည်သားတွေအနေနဲ့
ဒီလိုဆေးထိုးရဖို့ ဆိုတာ လွယ်တာမဟုတ်ဘူး၊ ဒါကြောင့် အားလုံးလာပြီးတော့ ဆေးထိုးကြစေချင်ပါတယ်၊
ဆေးမထိုးခင်ကတော့ စိုးရိမ်မှုတွေရှိတာပေါ့၊ အခုကတော့ ကျနော်ဆေးထိုးထားပြီ ရောဂါကို
ခံနိုင်ပြီးဆိုပြီးတော့ စိတ်ခွန်အားတွေတိုးတက်လာပါတယ်၊ ဒီရောဂါအတွက် မစိုးရိမ်ရတော့ဘူးလို့
ထင်မိပါတယ်၊ အရင်ဆေးထိုးတုန်းကတော့ ရပ်ကွက်ရုံးကတော့ ဆေးထိုးဖို့ခေါ်ခဲ့ပါတယ်၊ အဲ့ဒီတုန်းက
မထိုးဖြစ်တာက ဆေးထိုးတာက ကောင်းပါ့မလားလို့ သံသယရှိခဲ့ပါတယ်၊ အခုနောက်ပိုင်းမှာတော့
ကမ္ဘာတစ်ဝှမ်းမှာရောဂါက ဖြစ်လာတာဆိုတော့ မထိုးလို့မရတော့ဘူးပေါ့၊ ကာကွယ်မှုက အကောင်းဆုံး
ဆိုပြီးတော့ စိတ်ကူးပေါ်လာပါတယ် ဒါကြောင့်အခုအချိန်မှာ လာပြီးတော့ ထိုးတာပါ၊ ဒီလိုဆေးထိုးပေးတဲ့
အတွက် တာဝန်ရှိတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်” ဟုပြောသည်။
ကာကွယ်ဆေးထိုးနှံရန်လာရောက်သော
သက်ကြီးရွယ်အိုများအား အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်း များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်
ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သောကိစ္စများကို
ကူညီ ဆောင်ရွက်ပေး လျက်ရှိသည်။
ရခိုင်ပြည်နယ်တွင်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံအတွက် Sinopharm ကိုဗစ်ကာကွယ် ဆေးအလုံးရေ ၃၅၂၀၀ ရောက်ရှိနေပြီး
လူဦးရေ ၇၀၄၀၀ ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)
No comments:
Post a Comment