Wednesday, April 7, 2021

(၁၁)ကြိမ်မြောက်အာဆီယံခရီးသွားလုပ်ငန်း အရင်းအမြစ်ရှာ‌ဖွေဖော်ထုတ်ရေး၊ ကြီးကြပ်ရေး နှင့်စစ်ဆေးအကဲဖြတ်ရေးကော်မတီအစည်းအဝေး Video Conferencing ဖြင့် ကျင်းပပြုလုပ်

 


နေပြည်တော်  ဧပြီ ၇

(၁၁)ကြိမ်မြောက်အာဆီယံခရီးသွားလုပ်ငန်းအရင်းအမြစ်ရှာ‌ဖွေဖော်ထုတ်ရေး၊ ကြီးကြပ်ရေး နှင့် စစ်ဆေးအကဲဖြတ်ရေးကော်မတီအစည်းအဝေး (ASEAN Tourism Resourcing, Monitoring, and Evaluation Committee Meeting- ATRMEC)ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။

အစည်းအဝေးသို့ အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ခေါင်းဆောင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပါဝင်တက်ရောက်ခဲ့ကြ သည်။

အစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ယခုနှစ် အတွင်း ကော်မတီ၏ဦးဆောင်မှုဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းစဉ် များ၊ အာဆီယံခရီးသွား လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုများအလိုက် စောင့်ကြည့်အကဲဖြတ်ခြင်း စနစ် နှင့် အနာဂါတ်ခရီးသွား လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒများ ချမှတ်ရာတွင် စာရင်းအင်း အချက်အလက်များ၏ အရေးပါပုံများ၊ အာဆီယံခရီးသွားလုပ်ငန်းမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၅ ၏ ကာလလယ် ပြန်လည်သုံးသပ်မှုအရ ၂၀၂၁ ခုနှစ်တွင် ခရီးသွားလုပ်ငန်း စာရင်းအချက် အလက် မူဘောင်ရေး ဆွဲရေးကို ဦးစားပေးကဏ္ဍအဖြစ် အလေးထားဆောင်ရွက်ရန် အကြံပြုချက်များနှင့် အာဆီယံ ခရီး သွားလုပ်ငန်းမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၅ အရ ဆောင်ရွက်လျက်ရှိသည့်  (၂) နှစ်တာ လုပ်ငန်း အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက် မှုများကို ထိရောက်စွာ အကဲဖြတ်ကြီးကြပ် ဆောင်ရွက်နိုင်ရေးနှင့် အခြားခရီးသွားလုပ်ငန်း ကော်မတီများ၏ လုပ်ငန်းစီမံချက်များ ပံ့ပိုးချိတ်ဆက် ဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးအစီအစဉ်များအရ အာဆီယံခရီးသွားလုပ်ငန်းမဟာဗျူဟာ စီမံကိန်း (၂၀၂၆-၂၀၂၅)အရ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ကြီးကြပ်အကဲဖြတ်သည့်နည်းလမ်းများနှင့် လုပ်ငန်းဆောင်ရွက်မှုညွှန်းကိန်းများ မူကြမ်းရေးဆွဲထား ရှိမှုများ၊ အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့၏ ၂၀၂၁ ခုနှစ်အတွက် ရန်ပုံငွေအရ/ အသုံး ဆိုင်ရာအခြေအနေများ၊ ၂၀၂၁ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အာဆီယံ ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းစီမံချက်များအတွက် အသုံးစရိတ်တင်ပြတောင်းခံမှုများ၊ ကိုဗစ်-၁၉ သက်ရောက်မှုများအပေါ် အဖွဲ့ဝင်နိုင်ငံများအလိုက် သက်သာလျော့ပါးရေးဆောင် ရွက်လျက ်ရှိသည့် အချက်အလက်များ စုစည်းရရှိမှုများနှင့် အာဆီယံခရီးသွားလုပ်ငန်း ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆွေးနွေးဘက်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များကို တက်ရောက် လာသည့် ကိုယ်စားလှယ်များက ညှိနှိုင်းဆွေးနွေးဆုံး ဖြတ်ခဲ့ကြ ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment