နေပြည်တော် ဧပြီ ၇
၂၀၂၁ ခုနှစ် ဧပြီလ ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ သတ္တမနေ့ကို ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပသည်။
ယနေ့တွင် ရောင်းချပွဲ ဆဋ္ဌမနေ့က အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့သည့် ကျောက်စိမ်းအတွဲအမှတ် ၄၅၁ မှ အတွဲအမှတ် ၉၀၀ အထိ ကျောက်စိမ်းအတွဲပေါင်း ၄၅၀ တွင် အတွဲပေါင်း ၄၀၇ တွဲကို မြန်မာငွေကျပ် ၃၅၁၀၁၉၉၇၀၈ ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ကြေညာသည်။
ရောင်းချပွဲသတ္တမနေ့တွင် နံနက် ၈ နာရီမှစ၍ ရတနာကုန်သည်များသည် မဏိရ တနာ ကျောက်စိမ်းခန်းမ သတ်မှတ်နယ်မြေအလိုက် ခင်းကျင်းပြသထားသည့် ကျောက် စိမ်း အတွဲများကို ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။
ယနေ့တွင် ကျောက်စိမ်းအတွဲအမှတ် ၉၀၁ မှ အတွဲအမှတ် ၁၃၅၀ အထိ တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက နံနက် ၁၁ နာရီတွင် ပိတ်သိမ်းပြီး ဖွင့်ဖောက်စစ်ဆေးကာ ဧပြီ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဧပြီ ၈ ရက်တွင် ကျောက်စိမ်းအတွဲ ၁၃၅၁ မှ အတွဲအမှတ် ၁၈၀၀ အထိတင်သွင်းသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက နံနက် ၁၁ နာရီတွင်ပိတ်သိမ်းပြီး ဖွင့်ဖောက်စစ်ဆေးကာ ဧပြီ ၉ ရက် နံနက်ပိုင်းတွင်လည်းကောင်း၊ ဧပြီ ၉ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၁၈၀၁ မှ အတွဲအမှတ် ၂၁၄၈ အထိ တင်သွင်းသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက နံနက် ၁၁ နာရီတွင်ပိတ်သိမ်းပြီး ဖွင့်ဖောက်စစ်ဆေးကာ ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင်းလည်းကောင်း ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment