နေပြည်တော် ဧပြီ ၇
ရှေးဉီးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းလွှမ်းခြုံ မှုမြင့်မားစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပ သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှု ဝန်ထမ်းဦးစီးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP) နှင့်အညီ လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ပဋိသန္ဓေတည်သည့်အချိန်မှစ၍ သက်ကြီးဘဝအထိ အရွယ်စုံ ဦးတည်အုပ်စုအလိုက် လိုအပ်သော မူဝါဒများ၊ မဟာဗျူဟာများ ရေးဆွဲအကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းရပ်မှာ ဌာန၏ ဗဟိုချက်လုပ်ငန်းကြီးဖြစ်ပြီး အရေးကြီးသည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးဖြစ်ပွားမှုသည် မူကြိုကဏ္ဍကိုလည်း အကျိုး သက်ရောက်ပါကြောင်း၊ မူကြိုကျောင်းများပိတ်ထားရသဖြင့် ကလေးများကို စနစ်တကျ ပြုစုပျိုးထောင်မှုအခွင့်အလမ်း မရရှိတော့ပါကြောင်း၊ မူကြိုကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် ပြင်ဆင်မှုများ စနစ်တကျဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ အားလုံး ပူးပေါင်း ဆောင်ရွက်ရန်လိုပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့်ချိတ်ဆက်ပြီး ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ပုဂ္ဂလိကကဏ္ဍများနှင့် ပူးပေါင်းဆောင်ရွက်မှုသည်လည်း အရေးကြီးပါကြောင်း၊ မူကြို ပညာရေးလွှမ်းခြုံမှုမှာ ရာခိုင်နှုန်းအားဖြင့်နည်းနေ၍ လွှမ်းခြုံမှုမြင့်မားလာရေးအတွက် ဆွေးနွေးပေးကြစေလိုကြောင်း၊ လွှမ်းခြုံမှုများဆောင်ရွက်ရမည့်နည်းတူ အရည်အသွေး ပြည့်ဝသော မူကြိုပညာရေး ရရှိရန်အတွက်လည်း အရေးကြီးပါကြောင်း၊ ထို့အပြင် အထူး အခြေအနေတွင်ရှိသော ကလေးများ မူကြိုပညာရရှိရေးကိုလည်း အလေးထားဆွေးနွေးလိုပါ ကြောင်း၊ ဆွေးနွေးချက် များအပေါ်မူတည်၍ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ရမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံ၏အနာဂတ် မျိုးဆက်သစ်များဖြစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြရန်ဖြစ် သည့်အတွက် အရေးကြီးပါကြောင်း၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မဖြစ်မနေ ရင်းနှီးမြှုပ်နှံပေးရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲရလဒ် များကိုလည်း များစွာမျှော်လင့်ပါကြောင်း၊ ကလေး သူငယ်များ စနစ်တကျဖွံ့ဖြိုးတိုး တက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါ ကြောင်း ပြောကြား သည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မူလတန်းကြို တက်ရောက် မှုနှုန်းမြင့်မားစေရန်မှာ မူဝါဒချမှတ်သူများနှင့် လုပ်ငန်းအကောင်အထည်ဖော်နေသူများ အကြားညှိနှိုင်းအဖြေရှာမှု၊ ပေါင်းစပ်အားထုတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကသာ ဖြေရှင်း နိုင်မည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းများသို့ မရောက်ခင် ကလေး များအား လေ့ကျင့်ပေးရန်မှာ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ် ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးသူများအနေနှင့် မူကြိုကျောင်းများ ၏ အရည် အသွေးမြင့်မားလာစေရေး၊ မူကြိုကျောင်းများတက်ရောက်မှု လွှမ်းခြုံမှုမြင့်မား လာစေရေး၊ ECCD လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အစိုးရဌာနအဖွဲ့အစည်းများနှင့် ပြည်တွင်း/ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများအကြား အချင်းချင်းချိတ်ဆက်မှုစနစ် အားကောင်းစေရေး စသည့် အချက်(၃)ချက်အပေါ်တွင် အဓိကထား၍ ဆွေးနွေးရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များက အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေး မည့်ခေါင်းစဉ်များနှင့် လုပ်ငန်းစဉ်များအပေါ်ရှင်းလင်းခြင်း၊ သက်ဆိုင်ရာ နေပြည်တော်ကော်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် အစည်းအဝေးတက်ရောက်လာသူ များက အုပ်စု(၄)စုခွဲ၍ မူကြိုပညာရေးအရည်အသွေးမြင့်မားမှု၊ မူကြိုပညာရရှိမှု မြင့်မားရေး၊ ECCD ရန်ပုံငွေ (ရရှိ/ ထိန်းသိမ်း/ သုံးစွဲမှု)(Budget)နှင့် ECCD ဆိုင်ရာဆောင်ရွက်ချက် များ(Collaboration & Inclusive ECCD)ကို အုပ်စုလိုက်ဆွေးနွေးခြင်း၊ ပြန်လည်တင်ပြ ခြင်းနှင့် ဆွေးနွေးချက်များအပေါ် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment