နေပြည်တော် ဧပြီ ၁
မကွေးတိုင်းဒေသကြီး မြို့နယ်အချို့တွင် CDM လှုပ်ရှားမှုကိုအခြေခံ၍ ဆူပူအကြမ်းဖက်မှုကို
လိုလားသော အဖွဲ့အစည်းများနှင့် လူအုပ်စုအချို့
သည် နည်းမျိုးစုံအသုံးပြုပြီး သွေးထိုး လှုံ့ဆော်မှုဆောင်ရွက်ခဲ့သောကြောင့်
ဆူပူအကြမ်းဖက်ဆန္ဒပြမှု များ ဖြစ်ပေါ်ခဲ့ရာ ရပ်ရွာ အေးချမ်းသာယာရေးနှင့်
တရားဥပဒေစိုးမိုးရေးအလို့ငှာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီသည်
ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၁၄၄)အရ ငါးဦးထက်ပိုသော လူစုလူဝေး မပြုလုပ်ရန်
အမိန့်များထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ဆောင်ရွက်ခဲ့
၎င်းထုတ်ပြန်ထားသောအမိန့်ကို လိုက်နာမှုမရှိဘဲ
တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးလိုသော
ရည်ရွယ် ချက်ဖြင့် ဆူပူဆန္ဒပြသူများက အကြမ်း ဖက်သည့် အသွင်များဖြင့်
ဆောင်ရွက်လာကြရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အနည်းဆုံး အင်အား၊ အနိမ့်ဆုံး
အဆင့်ဖြင့် လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့ပြီး ဆူပူ အကြမ်းဖက် သူများကို
ဖမ်းဆီးထိန်းသိမ်းကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက် ရှိသည်။
CDM လှုပ်ရှားဆန္ဒပြမှုတွင် ပါဝင်ခဲ့
အဆိုပါထိန်းသိမ်းခံထားသူများကို စိစစ်ခဲ့ရာ တွင်
ပတ်ဝန်းကျင်၏ စေ့ဆော်မှု၊ ဆူပူဆန္ဒပြမှုအား လှုံ့ဆော်စည်းရုံးခံရမှုနှင့်
စားဝတ်နေရေး အထောက် အပံ့ရယူမှု စသည့် အခြေခံ အကြောင်းများကြောင့် CDM
လှုပ်ရှားဆန္ဒပြမှုတွင် ပါဝင်ခဲ့ကြောင်း တွေ့ရှိ ရပြီး အထူးသဖြင့်
နိုင်ငံရေးအရောင်အသွေးမရှိသော အပြစ်မဲ့သည့်၊ နုငယ်သေးသည့် ကျောင်းသားကျောင်းသူ
များကို တွေ့ရှိရပြီး ၎င်းတို့၏ အနာဂတ် အရေးအတွက် သားသမီးချင်း ကိုယ်ချင်းစာတရား
ထားရှိသောကြောင့် မကွေးမြို့အတွင်း မတ် ၃ ရက် နောက်ပိုင်း ထိန်းသိမ်းထားသူများ
အနက်မှကျောင်းသား ငါးဦးကို ပညာဆက်လက်သင်ကြားနိုင် ရေးအတွက် ယနေ့နံနက်ပိုင်းတွင်
တာဝန်ရှိသူများ က မိဘများထံ ပြန်လည်အပ်နှံခြင်းကို မကွေးတိုင်း ဒေသကြီး
စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ပြုလုပ်ရာ
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး
စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ
တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ၏မိဘအုပ်ထိန်းသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက
ဆုံးမဩဝါဒစကားပြောကြားပြီး ကျောင်းသားကျောင်းသူများကို ၎င်းတို့
ဖမ်းဆီးထိန်းသိမ်းခံရချိန် တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားသည့် ကိုယ်ပိုင်
ပစ္စည်းများအား စာရင်းအတိုင်း ပြန်လည်လွှဲပြောင်း ပေးအပ်ကာ ခံဝန်ကတိလက်မှတ်ထိုး၍
မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ စေလွှတ်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment