Friday, April 2, 2021

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ နိုင်ငံ့ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ

မန္တလေး ဧပြီ ၁ 

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီရုံးမှ နိုင်ငံ့ဝန်ထမ်းများအား ယနေ့ နံနက် ၉ နာရီခွဲက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) ထိုးနှံပေး ခဲ့သည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းအား မန္တလေးတိုင်း ဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့် ဇနီး၊ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေး ခဲ့သည်။ 

သတင်းစဉ်

No comments:

Post a Comment