နေပြည်တော်၊ ဧပြီ - ၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊
ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချုပ် အောင်ဆန်းလမ်းထောင့်ရှိ Ruby Mart ကုန်တိုက်(၅-ထပ်)၌ ယနေ့နံနက် ၂ နာရီခန့်
တွင် မီးလောင်နေမှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊
မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၁၆ စီး၊ ရေသယ်ယာဉ် ၆ စီးတို့ဖြင့်
မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
အလားတူ ယနေ့နံနက် ၂ နာရီ ၄၀ မိနစ်ခန့်တွင်
မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ
Gandarnar Wholesale ကုန်တိုက်၌
မီးလောင်မှုထပ်မံဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊
မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၁၁ စီး၊ ရေသယ်ယာဉ် ၃ စီးတို့ဖြင့်
မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါမီးလောင်မှုများဖြစ်ပွားရသည့်
အကြောင်းအရင်းနှင့်ပတ်သက်၍ သက် ဆိုင်ရာမှ အမြန်ဆုံးစုံစမ်းဖော်ထုတ် လျက်ရှိကြောင်း
သိရှိရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊
ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ နံ့သာကွက်စိပ်ရပ်နေ
ဦးအောင်မျိုးဌေး(ဘ)ဦးကျော်ဝင်း၏ နေအိမ်၌ ယနေ့နံနက် ၅ နာရီခန့်တွင်
လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့
လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ပြည်သူလူထုတို့က မီးသတ်ယာဉ်
၃၁ စီး၊ ရေသယ်ယာဉ် ၂၁ စီး၊ အုပ်ချုပ်မှု ယာဉ် ၃ စီးတို့ဖြင်
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသွား ခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် နေအိမ် ၈၀ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး
မီးဘေးသင့်အိမ်ထောင်စု ၁၇၅ စုအား နံ့သာကွက်စိပ်ရပ်ရှိ မြဘယက်ဘုန်းကြီးကျောင်း
ဝန်းအတွင်း၌ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး နေထိုင်စေလျက်ရှိကြောင်း
သိရှိရသည်။
အထက်ပါမီးလောင်မှုကြောင့် လူ၊
တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူများအား သက်ဆိုင်ရာမှ
အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment