နေပြည်တော် ဧပြီ ၈
ပုလဲအတွဲများနှင့်
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ အဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကိုဗစ် - ၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ
ဆက်လက်ကျင်းပသည်။
ယနေ့တွင် ရောင်းချပွဲ
သတ္တမနေ့က အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့သည့် ကျောက်စိမ်းအတွဲအမှတ်(၉၀၁) မှ
အတွဲအမှတ် (၁၃၅၀)အထိ အတွဲပေါင်း(၄၅၀) တွင် ကျောက်စိမ်းအတွဲ ၄၃၂ တွဲကို မြန်မာငွေကျပ်
၉၂၀၃၉၄၅၇၀၇ ဖြင့်ရောင်းချနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
ယခုရောင်းချပွဲ အဋ္ဌမနေ့တွင်
ကျောက်စိမ်းအတွဲအမှတ်( ၁၃၅၁) မှ အတွဲအမှတ် (၁၈၀၀) အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ
ရတနာကုန်သည်များက မဏိရတနာကျောက်စိမ်းခန်းမ အတွင်း သတ်မှတ်နယ်မြေအလိုက် ခင်းကျင်းပြသထားသည့်
ကျောက်စိမ်းအတွဲများကို ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့
နံနက် ၁၁ နာရီနောက်ဆုံးထား၍ ထည့်သွင်းကြသည်။
ထို့နောက် ကျောက်စိမ်းအတွဲအမှတ်(
၁၃၅၁) မှ
အတွဲအမှတ် (၁၈၀၀) အထိ တင်သွင်းထားသည့်
ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက နံနက် ၁၁ နာရီတွင် ပိတ်သိမ်းပြီး ဖွင့်ဖောက်စစ်ဆေးကာ
ဧပြီ ၉ ရက်နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည်ဖြစ်ကြောင်း
သိရသည်။
အလားတူ ဧပြီ ၉ ရက်တွင်
ကျောက်စိမ်းအတွဲအမှတ် ၁၈၀၁ မှ အတွဲအမှတ် ၂၁၄၈အထိ တင်သွင်းသည့် ဈေးနှုန်းတင်သွင်းလွှာများကို
တာဝန်ရှိသူများက နံနက် ၁၁ နာရီတွင် ပိတ်သိမ်းပြီး ဖွင့်ဖောက်စစ်ဆေးကာဧပြီ ၁၀ ရက် နံနက်
၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား
ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment