နေပြည်တော် ဧပြီ ၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၇ ရက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌
ပြုလုပ်သည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့်
မိမိတို့၏ပင်မတာဝန်ဖြစ်သော ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို စဉ်ဆက်မပြတ်
အကောင်အထည်ဖော် ဆောင်ရွက်ပေးနေရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာ
ရေးနှင့်ကုသရေး ဦးစီးဌာနမှူးများအနေဖြင့် မိမိတို့တာဝန်ကျရာ တိုင်းဒေသကြီး/ပြည်နယ်၏
ကျန်းမာရေးကိစ္စများ ပိုမိုတိုးတက်ကောင်းမွန်အောင် အဓိကဆောင်ရွက်ရန် တာဝန်ရှိသူများ
ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ကျန်းမာရေးစနစ်ပြိုကွဲစေမည့် နည်းလမ်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်နေကြသည့်
ခက်ခဲသော အခြေအနေကို သိရှိနားလည်ကာ ပြည်သူ့ကျန်းမာရေးနှင့် ဆေးရုံကုသရေးလုပ်ငန်းများ၊
ကျန်းမာရေးဆိုင်ရာအုပ်ချုပ်မှုလုပ်ငန်းများအပါအဝင် ကျန်းမာရေးစနစ်မပြိုလဲစေရန် ကျန်းမာရေးဝန်ထမ်းအားလုံးက
ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဌာန/ ဆေးရုံများတွင် အုပ်ချုပ်မှုဆိုင်ရာ
တာဝန်ခံများ၏အခန်းကဏ္ဍသည် အထူးအရေးကြီးလျက် ရှိပါကြောင်း၊ အလားတူ ဘာသာရပ်ဆိုင်ရာ ကုသမှုတာဝန်ခံဆရာဝန်
ကြီးများသည်လည်း လုပ်ငန်းခွင်ရှိ ညီငယ်ညီမငယ်များအား လမ်းမှန်ကို ညွှန်ပြပေးရန် လိုအပ်ပါကြောင်း။
မိမိတို့၏
Professional ဖြစ်သည့် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
ဆေးပညာကျင့်ဝတ်နှင့်အညီ ပြည်သူ့ကျန်းမာရေး/ လူနာကုသရေး ဝန်ဆောင်မှု ဆောင်ရွက်ပေးရေး၊
တီဘီ၊ ခုခံကျ/ ကာလသားစသည့် ရောဂါလူနာများ ဆေးဝါးများ စဉ်ဆက်မပြတ်ရရှိရေး၊ ကိုဗစ်-၁၉
ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းလွှမ်းခြုံမှု ကောင်းမွန်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်
ထိန်းချုပ်ရေး လုပ်ငန်းများ အားဖြည့် ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါ သံသယလူနာ ဓာတ်ခွဲ
စစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ ပြည်သူ့ဆေးရုံများတွင် လုပ်ငန်းဆောင်ရွက်မှု
ပုံမှန်ပြန်လည် ရရှိနိုင်မည့် နည်းလမ်းသစ်များ ဒေသအခြေအနေနှင့်အညီ စီမံဆောင် ရွက်ရေးစသည်တို့ကို
မိမိ Professional အပေါ် သစ္စာရှိစွာ၊ ရိုးသားစွာဖြင့် ပြည်သူ့အကျိုးရှေးရှုကာ ဆောင်ရွက်ပေးကြမည်
ဖြစ်ပါကြောင်း။
အခက်အခဲများကြားက မိမိတို့၏လုပ်ငန်းတာဝန်မပျက် ဆောင်ရွက်ပေးနေကြသည့်
ကျန်းမာရေး ဝန်ထမ်းအဆင့်ဆင့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကိုယ်စား အထူးပင်
ဂုဏ်ယူပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဖေဖော်ဝါရီ ၈ ရက်မှ စတင်ကာ “ကျန်းမာ ရေးဝန်ထမ်းများအား
ပန်ကြားချက်” ဖြင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လူနာများ အကျိုး ကိုရှေးရှု၍
မိမိတို့ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် ထမ်းဆောင်ကြပါရန် အလေးအနက်ထား တိုက်တွန်းနှိုးဆော်
ပန်ကြားလျက်ရှိပါကြောင်း။
လူနာများအတွက် လိုအပ်သောဆေးဝါးများ
ပြတ်လပ်မှုမရှိစေရေးနှင့် ဆေးရုံတွင် ပိုလျှံဆေးဝါးများ မဖြစ်ပေါ်ရအောင် ကြိုတင်ပြင်ဆင်
ဆောင်ရွက်ထားကြ ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံများ၌
ညတာဝန်ကျ ဝန်ထမ်းများအတွက် ညစာစားစရိတ် ထောက်ပံ့နိုင်ရေး အပါအဝင် ဝန်ထမ်းများ ရသင့်ရထိုက်သော
ထောက်ပံ့ကြေးများရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ပင်မတာဝန်ဖြစ်သည့်
ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ပုံမှန်ဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ထမ်းအားလုံး
ပူးပေါင်း ကြိုးစားပေးကြပါရန် လိုအပ်ပါကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးရုံး
ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊ ကုသရေးဦးစီး ဌာနမှတာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီး/
ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်
ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံကာ တင်ပြချက်များအပေါ်
ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment