နေပြည်တော် ဧပြီ ၆
ရှမ်းပြည်နယ် ကျောက်မဲမြို့ရှိ အေးရှားဝေါတိုးဂိတ်အား အကြမ်းဖက်သူအမျိုးသားနှစ်ဦးက မိုင်း တစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တိုးဂိတ်အဆောက်အဦနှင့် ဆိုင်ကယ်တစ်စီး ထိခိုက် ပျက်စီးခဲ့ပြီး တိုးဂိတ်ဝန်ထမ်း အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက် အရ ဧပြီ ၅ ရက် ည ၇ နာရီခန့်တွင် ကျောက်မဲမြို့ ပန်းပေါင်းကျေးရွာအနီးရှိ မန္တလေး-လားရှိုး လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၀ မိုင် ၁ ဖာလုံတွင် တည်ရှိသော အေးရှားဝေါတိုးဂိတ်ကို အကြမ်းဖက်သူအမျိုးသားနှစ်ဦး(စိစစ်ဆဲ) က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး တိုးဂိတ်ရှိ ဆိုင်ကယ် ဝင်သည့် လမ်းပေါ်သို့ မိုင်းတစ်လုံး (စိစစ်ဆဲ)ဖြင့် ပစ်ပေါက်ထွက်ပြေး သွားခဲ့သဖြင့် အဆိုပါမိုင်း ပေါက်ကွဲခဲ့ပြီး တိုးဂိတ်ဝန်ထမ်း အမျိုးသားသုံးဦးတွင် ထိခိုက် ဒဏ်ရာများရရှိခဲ့ကာတိုးဂိတ်အနီး ရပ်တန့်ထားသည့် ဆိုင်ကယ်တစ်စီးနှင့် တိုးဂိတ်အဆောက်အဦတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း။
ဖြစ်စဉ်တွင် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုနှင့် ခရီးသွားပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေရန်နှင့် အများပြည်သူလူထု၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာသည့် အကြမ်းဖက်အဖျက် သမားများကို ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေးလုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment