နေပြည်တော် ဧပြီ ၆
ဧပြီ ၅ ရက်တွင် ချမ်းမြသာစည် မြို့နယ်ရှိ ဆရာ/ ဆရာမများ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ် လျက်ရှိသည့် အမှတ်(၂၆) အခြေခံပညာ အထက်တန်းကျောင်းအား ဆူပူအကြမ်းဖက်သူ များက လက်လုပ်ဗုံးဖြင့် ပစ်ပေါက် ခဲ့၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၅ ရက် ညနေ ၃ နာရီခွဲတွင် ချမ်းမြသာစည် မြို့နယ် ၆၆x၆၇ လမ်းကြား ၁၁၁ လမ်းထောင့်ရှိ ဆရာ/ဆရာမများ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ် လျက်ရှိသည့် အမှတ်(၂၆) အခြေခံ ပညာ အထက်တန်းကျောင်း၌ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၁၁ နာရိခွဲခန့်တွင် ဆူပူအကြမ်းဖက်သူ လူတစ်စုမှ ရေသန့်ဘူးဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံးအား (၁၁၁) လမ်းဘက်မှ ကျောင်းဝင်းအတွင်းသို့ ပစ်ပေါက်ခဲ့ရာ အဆိုပါ လက်လုပ်ဗုံးမှာ ကျောင်းဝင်းအတွင်းရှိ တကောင်းသစ္စာ ခန်းမအနီးကွင်းပြင်သို့ ကျရောက်ခဲ့ပြီး ဆရာ/ဆရာမများ သင်တန်းချိန် ပြီးဆုံးသည့်အချိန်မှ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါပေါက်ကွဲမှုကြောင့် လူ၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှု မရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment