Monday, April 5, 2021

(၂၈)ကြိမ်မြောက် မြန့်မာတပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲကျင်းပ

 

 




ရန်ကုန် ဧပြီလ ၅

(၂၈)ကြိမ်မြောက် မြန့်မာတပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင်-၅၀၀)နှင့် နေပြည်တော်ရှိ အမှတ်()တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ Online စနစ် Virtual Conference ဖြင့် တစ်ပြိုင်နက်တည်း ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ တပ်မတော် ဆေးသုတေသနနှင့် ဖွံဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ကိုကိုလွင်၊ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် လာအိုနိုင်ငံများမှ ဆေးတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထား သူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ထို့အပြင် အခြားတပ်မတော်ဆေးရုံ၊ ဆေးတပ်အသီးသီးသည် Internet မှတစ်ဆင့် Virtual Conference သို့ နေရာ ၁၄၈ ခုမှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု(အရာရှိ)၊ သူနာပြု တက်ရောက်သူ စုစုပေါင်း ၆၆၈ ဦး တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် (၂၈)ကြိမ်မြောက် မြန့်မာတပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၏ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ကိုကိုလွင်က အဖွင့်အမှာစကား ပြောကြားကာ ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ပထမနေ့အစီအစဉ်များအား ဆက်လက် ကျင်းပရာ Symposium of the Conference အဖြစ် “Healthcare Trends in a Pandemic: Myanmar Military Medical Practice”ကိုလည်းကောင်း၊ Major Symposium များအဖြစ် “Traumatic Brain Injury in Combat Casualty Care”“Cardiovascular Disease in COVID-19 (Practical Approach)”“Managing Non-COVID Respiratory Diseases in the Era of COVID-19”“Challenges of COVID-19 Pandemic in Myanmar: Military Nursing Perspective”“Tele Psychiatry in COVID-19 Pandemic”“Role of Insulin Therapy in Management of Diabetes Mellitus”“Immunological Role of Herbs in COVID-19” နှင့် Special Talk 4 ခုတို့အား ဆွေးနွေးခဲ့ကြပါသည်။

၎င်းအပြင် သုတေသနစာတမ်းများအဖြစ် ဆေးဝါးပညာ၊ သူနာပြုပညာ၊ သားဖွားနှင့် မီးယပ် ရောဂါပညာ၊ ဆေးပညာ၊ ဓါတ်မှန်ပညာ စသည့်ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း စုစုပေါင်း ၁၄ စောင် တို့အား ပါဝင်ဖိတ်ကြား တင်သွင်းခဲ့ကြပါသည်။

 အဆိုပါ (၂၈)ကြိမ်မြောက် မြန့်မာတပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဧပြီလ ရက် နေ့မှ ဧပြီလ ရက်နေ့ထိ ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။


တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

No comments:

Post a Comment