အီးယူ၏ အကူအညီအထောက်အပံ့ဖြင့်
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကိစ္စရပ်များတွင် ဆောင်ရွက်လျက်ရှိသော စီမံချက်များနှင့်စပ်လျဉ်းသည့်
ညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော်၊ ဧပြီ
၂
အီးယူ၏ အကူအညီအထောက်အပံ့ဖြင့်
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကိစ္စရပ်များတွင် ဆောင်ရွက်လျက် ရှိသော စီမံချက်များနှင့်စပ်လျဉ်းသည့်
ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာ၌ ကျင်းပသည်။
အစည်းအဝေးတွင် အီးယူ၏
ငွေကြေးနှင့် နည်းပညာအကူအညီအထောက်အပံ့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံချက်များအလိုက်
လက်ရှိဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများအပေါ်
အီးယူဘက်သို့ အသိပေး ညှိနှိုင်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ညှိနှိုင်းပေါင်းစပ်ပေးရန်
လိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက တင်ပြဆွေးနွေးခဲ့ကြရာ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်
က အကြောင်းအမျိုးမျိုးကြောင့် တွေ့ကြုံနေရသည့် လုပ်ငန်းအကောင်အထည်ဖော်ရေးဆိုင်ရာ အခက်အခဲများကို
သက်ဆိုင်ရာဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများသို့ ပြည့်ပြည့်စုံစုံ အချိန်နှင့် တပြေးညီ
အသိပေးအကြောင်းကြားရန် လိုအပ်ကြောင်း၊ အရေးကြီးသည့် လုပ်ငန်းစီမံချက် များအတွက် မဖြစ်မနေဆက်လက်လုပ်ဆောင်နိုင်မည့်
အခြားအစီအစဉ်များကိုလည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်းနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့်
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့်
အခြားသော လုပ်ငန်းဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဆွေးနွေးမှာကြားသည်။
အဆိုပါ အစည်းအဝေးသို့
အီးယူ၏ အကူအညီအထောက်အပံ့ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများမှ
ကိုယ်စားလှယ် များပါဝင်တက်ရောက်ခဲ့ကြသည်။ ပြင်သစ် (AFD) နှင့် ဂျာမနီအစိုးရ၏ ချေးငွေ၊
အကူအညီများဖြင့် ဆောင်ရွက်လျက်ရှိသော စီမံချက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကိုလည်း
သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် မတ် ၃၁ ရက်တွင် ယခုကဲ့သို့ ကျင်းပခဲ့ကြောင်း
သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment