နေပြည်တော် ဧပြီ ၈
ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့်
လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက
စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၇
ရက်တွင် ပျဉ်းမနားမြို့၊ ဥယာဉ်စုရပ်ကွက်၊ အိုးဘိုရပ်၊ သစ္စာလမ်းနှင့် ပဒုမ္မာလမ်းကြား၊
အမှတ်(၃/၁၉၆)နေ ဦးအောင်အောင် (ဘ)ဦးစိန်မောင်အား ဆူပူအကြမ်းဖက်မှုတွင်အသုံး ပြုသည့်ပစ္စည်းများနှင့်လည်းကောင်း၊
မော်လမြိုင်မြို့၊ ကျိုက်ဖနဲရပ်ကွက်၊ အောင်သုခလမ်း၊ အမှတ်(၆၅)နေ မင်းကောင်းစံ (ဘ)ဦးဇော်ဝင်းအား
၎င်း၏နေအိမ်၌ ဆူပူအကြမ်းဖက်မှု များတွင်အသုံးပြုသည့် ပစ္စည်းများဖြင့်လည်းကောင်း၊ မြောင်းမြမြို့နယ်၊
ကဝက်တိုက်နယ်၊ တစ်ပင်ချောင်းအုပ်စု၊ မြေနီကုန်းကျေးရွာနေ NLD အဖွဲ့ဝင် သိန်းဇော်ဦးနှင့်
သုံးခွကွမ်းခြံကျေးရွာနေ ထွန်းထွန်းအောင်တို့ ၂ ဦးအား လေသေနတ် ၁ လက်၊ မက်ဂဲနစ် Gun
၁ လက်၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ချောင်းဦးမြို့၊ ချောင်းဦးမြောက်ရပ်ကွက်၊
အောင်မြေဘုံစံဘုန်းတော်ကြီးကျောင်းအနီး၌ ဆူပူ အကြမ်း ဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား
လေးခွ၊ ဂျင်ကလိ၊ လေသေနတ် များဖြင့် ရန်ပြုတိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက
အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြင့်ပစ်ခတ်လူစုခွဲခဲ့ရာ ၎င်းနေရာမှ အမျိုးသား ၂ ဦးအား လက်လုပ်မိုင်း ၆ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊
တန့်ဆည်မှ ရေဦးမြို့အထွက် လမ်း ပေါ်၌ ဆူပူအကြမ်းဖက်သူ ၃၀၀ ဦးခန့်က လမ်းများပိတ်ဆို့၍
လုံခြုံရေးတပ်ဖွဲ့ဝင် များအား တူမီးသေနတ်၊ လေးခွ၊ ဂျင်ကလိ၊ မီးပုလင်းများဖြင့် ရန်ပြုတိုက်ခိုက်ခဲ့သဖြင့်
အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ဖြင့် ပစ်ခတ် လူစုခွဲခဲ့ရာ ၎င်းတို့အနက်မှ အမျိုးသား ၆
ဦးအားလည်းကောင်း၊ သပိတ်ကျင်းမြို့နယ်၊ ကွင်း ၃၀ ကျေးရွာအတွင်း၌ အမျိုးသား ၄ ဦးအား လက်လုပ်မိုင်း
၄ လုံး၊ ရှော့တိုက်မိုင်း ၁ လုံး၊ လက်လုပ်လေသေနတ် ၁ လက်၊ အခြားဆက်စပ် ပစ္စည်းများဖြင့်လည်းကောင်း၊ ကျောက်ဆည်မြို့၊ ဆူးကုန်းအုပ်စု၊ အောက်ချိုင်းရပ်ရှိ
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းပြ ဆရာ/ ဆရာမများအား စွမ်းရည်မြှင့်သင်တန်းပို့ချလျက်ရှိစဉ်
အဆိုပါကျောင်းအနီး၌ ဆူပူ အကြမ်းဖက်သူများက အော်ဟစ်အကြမ်းဖက်ဆူပူဆန္ဒပြနေသဖြင့် လုံခြုံရေးတပ်ဖွဲ့
ဝင်များက သွား ရောက်ဖြိုခွဲရာ ၎င်းတို့အနက်မှ ဇာနည်ဘုန်းနိုင် (ခ)ဂျပန်ကြီး(ဘ) ဦးခင်မောင်မြင့်၊
အောင်ကျော်ကျော် (ဘ)ဦးခင်မောင်ဦးနှင့် ဇင်မျိုးကိုကို(ဘ)ဦးမျိုးဝင်း တို့ ၃ ဦးအား ဆူပူအကြမ်းဖက်မှုတွင်
အသုံးပြုသည့် ပစ္စည်းများဖြင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
အလားတူ ယနေ့တွင် တာချီလိတ်မြို့ဝင်
မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာချီလိတ်မြို့မှ
ကျိုင်းတုံဘက်သို့ မောင်းနှင်လာသည့် ဒို့ညီနောင်ခရီးသည်တင် ယာဉ်ပေါ်မှ ကိုကျော်နှင့်
ကိုစိုးသူရအမည်ပါ ပါဆယ်ပုံးများအတွင်းမှ ဆူပူအကြမ်း ဖက်မှုတွင်အသုံးပြုသည့် လက်နက်နှင့်
ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်(မြောက်)ကျေးရွာ၊ အုန်းပင်စုပိုင်းရပ်ကွက်ရှိ
တရုတ်ကြီး (ခ)မင်းနိုင်ဦး(ဘ)ဦးလှမြင့်၏နေအိမ်အတွင်းမှ ဂျင်ကလိမျိုးစုံ ၆၄ ချောင်းအား
လည်းကောင်း၊ ကန့်ဘလူမြို့နယ်၊ ပျဉ်းတော်ကျေးရွာရှိ နေမျိုးအောင်အား ၎င်း၏ နေအိမ်၌ လက်လုပ်
သေနတ် ၁ လက်၊ အခြားဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ ကလေးမြို့၊ တောင်ဖီလာ ရပ်ကွက်၊
ဗိုလ်ချုပ်လမ်းတစ်ဝိုက်၌ အတားအဆီးများဖယ်ရှား ရှင်းလင်းစဉ် လက်လုပ်မိုင်း ၁၈ လုံး၊
လက်လုပ်လက်ပစ်ဗုံး ၃၇ လုံး၊ လက်လုပ်သေနတ် ၈ လက်၊ အခြား ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ တန့်ဆည်မြို့၊ မဟာမြိုင် ရပ်ကွက်၊ ပင်စောက် ဘုန်းကြီးကျောင်းဝန်းရှိ
သုခဝဓုဏသွေးလှူရှင်အသင်း အဆောင်၌ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်မိုင်း ၁၂ လုံး၊ လက်လုပ်လက်ပစ်ဗုံး
၁၃ လုံး၊ အခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ပခုက္ကူမြို့၊ အောင်ချမ်းသာ ရပ်ကွက်၊
လေယာဉ်ကွင်း ဟောင်းလမ်းဘေးရှိ နွားမွေးရေးခြံအတွင်း၌ ပိုင်ရှင်ဖြစ်သူ အောင်ကျော်စိုးအား
လက်လုပ်လေသေနတ် ၂ လက်၊ အခြားဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်၊
အေးမြသာယာ-ရှရော်ခ ကျေးရွာသွားလမ်းမပေါ်၌ ဟင်းတင့်ကျေးရွာနေ မြင့်မြတ်သီဟ(ဘ) ဦးအောင်ဇေလတ်
အပါအဝင် အမျိုးသား ၃ ဦးအား လက်လုပ်မိုင်း ၂ လုံး၊ အခြားဆက်စပ်ပစ္စည်း များဖြင့်လည်းကောင်း၊
ဆွတ်အောင်ကျေးရွာနေ ရန်နိုင်ထွန်း(ဘ)ဦးထွန်း အပါအဝင် အမျိုးသား ၂ ဦးအား ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့်
ပစ္စည်းများနှင့် လည်းကောင်း၊ ကုလားမှော် ကျေးရွာနေ ကျော်မြင့်မိုး(ခ)ကိုမိုး အပါအဝင်
အမျိုးသား ၂ ဦးအား ၎င်း၏ဆိုင်ကယ်ပြင်ဆိုင် အတွင်းမှ ဂျင်ကလိ ၁၇ ချောင်း၊ ဆက်စပ်ပစ္စည်း
များနှင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည်။
အထက်ပါ ဆူပူအကြမ်းဖက်ရာတွင်
အသုံးပြုသည့် လက်နက်များ၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို
ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ်မှုများကို
ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment