နေပြည်တော် ဧပြီ ၈
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့်
နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား
ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအား ဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို
ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန် အတွက်
သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက်
စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက်
လျက်ရှိသူ များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး သတင်းထုတ်ပြန်
ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ
ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားသည့် ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊
(၄၁)ရပ်ကွက်၊ မဉ္ဇူသကလမ်း၊ အမှတ်(၁၁၆၁)နေ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်(ခ)စစ်ကိုပိုင်
(၂၄)နှစ်(ဘ)ဦးထွန်းထွန်းမိုး အား ယနေ့နံနက် ၅ နာရီခန့် တွင် ၎င်း၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာ
တိုက်နယ် ဆေးရုံတွင် တာဝန်ထမ်းဆောင်သော ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သည့် ကောင်းမြတ်ထွန်း
(ဘ)ဦးငွေကောင်း(၂၉)နှစ်သည် ဆူပူအကြမ်းဖက်မှုများနှင့်
ဝန်ထမ်းများအား CDM ပါဝင်လာ စေရန် ဖိအားပေးခြင်း၊ ဦးဆောင်ပါဝင်ခြင်းကြောင့် လည်းကောင်း၊
ဆူပူအကြမ်းဖက်မှုများတွင် ဦးဆောင်လှုံ့ဆော်ပါဝင်ခဲ့သည့် အဆိုပါကျေးရွာနေ NLD ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း
ဦးဝင်းလွင် အား လည်းကောင်း၊ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ချောင်းကူးရပ်၊ ရွှေပြည်သူ(၂)
လမ်းတွင် နေထိုင်သည့် ကျော်မြတ်အောင်(ဘ)ဦးမြတ်ဇော်(၂၇)နှစ် သည် ၎င်း၏ U Kyaw Myat
Aung Facebook Account ဖြင့် လူမှုကွန်ယက်ပေါ်တွင် မဟုတ်မမှန်ရေးသား၍ မြို့ပေါ်နေ ပြည်သူများအား
ဆူပူအကြမ်းဖက်ဆန္ဒပြမှုများဖြစ်ပေါ်လာအောင် လှုံ့ဆော်ခြင်းကြောင့် လည်း ကောင်း၊ ရွှေပြည်တန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ ဇော်ဇော်(မဇ္ဈိမအလွတ်တန်းသတင်းထောက်)
သည် ၎င်း၏ တောင်ပိုင်းသားသတင်းအေဂျင်စီ Page မှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး အတွင်း
ဆန္ဒပြမှုများနှင့်ပတ်သက်၍ လှုံ့ဆော်ရေးသားခြင်း၊ မဟုတ်မမှန်သော သတင်းများဝါဒ ဖြန့်ရေးသားခြင်း၊
လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများအဖြစ် ဝါဒဖြန့်ရေးသား ခဲ့ခြင်းများကြောင့်
လည်းကောင်း၊ ဧပြီ ၇ ရက်တွင် ၎င်းတို့၏ နေအိမ်များ၌ အသီးသီးဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါဖမ်းဆီးထိန်းသိမ်းထားသူများအား
ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းများမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment