နေပြည်တော် ဧပြီ ၁
ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်
သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်း များ တွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်
(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊
အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ် အသီးသီး၌ ဆွမ်းဆန်တော်၊
ဆီ၊ ဆား၊ ပဲ အမည် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့်
ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။ ။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ပါညု ဘုန်းတော်ကြီးကျောင်း၊ မွန်ပြည်နယ်
ချောင်းဆုံ မြို့နယ် မုရစ်ကြီးကျေးရွာ တောင်ပေါ် ကျောင်းတိုက် နှင့် တောင်ညိုတောင်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး
တိုက်ကြီးမြို့နယ် အိုးတန်းရပ်ကွက်၊ မင်းကျောင်းကြီးကျောင်းတိုက်သို့ ဆွမ်းဆန်တော်၊
ဆီ၊ ဆား၊ ပဲအမယ် လေးမျိုး၊ ကိုဗစ်-၁၉ရောဂါကာကွယ် ရေးအထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်
ပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက် ပိုင်း)၊ လားရှိုးမြို့ သာသနာ-၂၅၀၀
ကျောင်းတိုက်နှင့် ရေကန်တောင်ဆုတောင်းပြည့် ကျောင်းတိုက်၊ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်
မုရစ်ကြီးကျေးရွာ တောင်ပေါ်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ ရေလယ် ကျောင်းများရှိ
သံဃာတော်များ အား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များအလိုက်
တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ထို့အပြင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်
မုရစ်ကြီး ကျေးရွာ တောင်ပေါ်ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား တပ်မတော်မှဆေးအဖွဲ့များက
လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
၎င်းအပြင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့
ရွှေမေတ္တာဘိုးဘွားရိပ်သာသို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်
အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် သွားရောက်၍ ဘိုးဘွားရိပ်သာအတွက် ဆေးပဒေသာပင် အလှူ
ငွေကျပ် ငါးသိန်းကို ပေးအပ်လှူဒါန်းရာ အဆိုပါ ရိပ်သာမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ယင်းနောက်တိုင်းမှူးနှင့်အဖွဲ့ဝင်များက
ဘိုးဘွားများအား အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ
ကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment