နေပြည်တော် ဧပြီ ၈
၂၀၂၁ ခုနှစ်၊ ဧပြီလ
၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၌ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်(ခ)
စစ်ကိုပိုင် အား ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ
၈ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်
နိုင်ငံတော်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူများနှင့် လှုံဆော်မှုများတွင်
ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ မြောက်ဒဂုံမြို့မရဲစခန်း၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ
၂၅ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့်လှစ်ခံထားရသည့် မြောက်ဒဂုံမြို့နယ်၊
(၄၁)ရပ်ကွက်၊ မဉ္ဇူသကလမ်း၊ အမှတ် (၁၁၆၁)နေ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်(ခ) စစ်ကိုပိုင်
(၂၄)နှစ် (ဘ) ဦးထွန်းထွန်းမိုး၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ပိုင်တံခွန် (ခ) စစ်ကိုပိုင်အား
၎င်း၏နေအိမ်တွင် တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါဖမ်းဆီးရမိသူ
မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်(ခ) စစ်ကိုပိုင်အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment