Thursday, December 19, 2019

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် POSCO International Corporation မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၉
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် POSCO International Corporation မှ CEO Mr. Kim Young-Sang နှင့် အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရွှေစီမံကိန်းတွင် နေ့စဉ်သဘာဝ ဓာတ်ငွေ့ ကုဗပေသန်း ၅၀၀ ခန့် ထုတ်လုပ် ဖြန့်ဖြူးနေမှုများ၊ သဘာဝဓာတ်ငွေ့ ရှာဖွေရေး တွင်းသစ်များ တူးဖော်နေမှုနှင့် ထုတ်လုပ်မှုစမ်းသပ်ရေး အစီအစဉ်များ၊ ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ ပိုမိုဖြည့်ဆည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ရခိုင်ပြည်နယ် မာန်အောင်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကုမ္ပဏီ၏ လူမှုရေးတာဝန်သိမှု အစီအစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့မှုများ၊ Liquefied Natural Gas (LNG) တင်သွင်း၍ ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ ပိုမိုဖြည့်တင်းအသုံးပြုနိုင် ရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ၊ ဝန်ကြီးဌာနမှ ဓာတ်မြေသြဇာထုတ်လုပ်မှုကဏ္ဍ တိုးမြှင့်ရေးနှင့် ရေနံဓာတုဗေဒစက်ရုံများအတွက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် သဘာဝဓာတ်ငွေ့သုံး စက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် အစီအစဉ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment