Wednesday, December 18, 2019

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဩစတြီးယားနိုင်ငံ OeSD မှ Senior Government Program Manager, Mr. FAUL Wilhelm Martin နှင့် လက်ခံတွေ့ဆုံ



နေပြည်တော် ဒီဇင်ဘာ ၁၈
e-ID စနစ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဩစတြီးယားနိုင်ငံ OeSD ကုမ္ပဏီမှ Senior Government Program Manager , Mr. FAUL Wilhelm Martin နှင့် အဖွဲ့အား ယမန်နေ့ မွန်းလွဲ (၃) နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနှင့် ဩစတြီးယား နှစ်နိုင်ငံအစိုးရ အချင်းချင်း ပူးပေါင်းဆောင်ရွက်မည့် e-ID စနစ် လုပ်ငန်းအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ e-ID စနစ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ဩစတြီးယားနိုင်ငံ OeSD တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ OeSD မှ မြန်မာနိုင်ငံ၏ Unique ID ကောက်ယူနိုင်ရေးလုပ်ငန်းများ အချိန်ကိုက်ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းစီမံချက်များရေးဆွဲ ဆောင်ရွက်မှုအခြေအနေ၊ MoU လက်မှတ် ရေးထိုး ပြီးသည်နှင့် စီမံချက်ပါလုပ်ငန်းများ အမြန်ဆုံး စတင်ဆောင်ရွက် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရမည့် လုပ်ငန်းအစီ အစဉ်များ၊ e-ID စနစ်လုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေမှုများ၊ အိန္ဒိယနိုင်ငံ၌ e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ပညာရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းအတွေ့အကြုံများ မျှဝေဆောင်ရွက်နေမှုများကို ဆွေးနွေး ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment