Thursday, December 19, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဂျပန်နိုင်ငံ Kamichiku Holding Co.,Ltd မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ဂျပန်နိုင်ငံ Kamichiku Holding Co.,Ltd မှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ပိုင်ထုတ်လုပ်မည့် တန်ဖိုးမြှင့် ထုတ်ကုန်များနှင့် စီးပွားဖြစ်တိရစ္ဆာန် မွေးမြူခြင်းလုပ်ငန်း၊ အိမ်မွေးတိရစ္ဆာန် အသုံးအဆောင် ပစ္စည်းများအား ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်နိုင်မှု၊ ပုဂ္ဂလိက တိရစ္ဆာန် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း၊ နွားနောက်မွေးမြူရေး လုပ်ငန်း၊ ပျားနှင့် ပျားထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်း၊ တိရစ္ဆာန်အစာ ဖြည့်စွက်စာ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ မွေးမြူရေး တိရစ္ဆာန် အစာထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းနှင့် အိမ်မွေး တိရစ္ဆာန် အစာထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မှု အလားအလာများနှင့် စပ်လျဉ်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment