နေပြည်တော် ဒီဇင်ဘာ ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Mr. Ola Almgren အား ယနေ့နံနက် (၁၁) နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နယ်စပ်ဒေသများ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများတွင် နေထိုင်သည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများအား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများအပြင် ကုလသမဂ္ဂ၊ NGOs ၊ INGOs၊ အဖွဲ့အစည်းများနှင့် ဆောင်ရွက်နေမှု အခြေအနေများ၊ UNDP၊ UNHCR၊ WFP တို့နှင့်လည်း ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှု၏ အကျိုးရလဒ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေး၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကိစ္စနှင့် ရှေ့ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment