Friday, November 1, 2019

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ကလေးစာပေပွဲတော်(တောင်ငူ) ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ ကြည့်ရှုစစ်ဆေး

တောင်ငူ နိုဝင်ဘာ ၁
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ ညနေပိုင်းတွင် ကလေး စာပေပွဲတော်(တောင်ငူ) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ကျင်းပမည့် တောင်ငူမြို့ ခပေါင်းခန်းမနှင့် ကေတုမတီ မိုးလုံလေလုံ အားကစားရုံတို့၌ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခပေါင်းခန်းမအတွင်းကျင်းပမည့် ဖျော်ဖြေရေး အစီအစဉ်များ၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲဆောင်ရွက်မည့်နေရာများ၊ ကလေးစာဖတ်ခန်းနှင့် ကလေးစာပေပြပွဲ ခင်းကျင်းပြသ ထားသည့်နေရာများ၊ ခန်းမအပြင်ဘက်ရှိ ဂိမ်းကစားပွဲများ ကျင်းပမည့် နေရာများနှင့် ပြပွဲပြခန်းများဖွင့်လှစ် ပြသမည့်နေရာများကို လှည့်လည်ကြည့်ရှု့ စစ်ဆေးပြီး ကေတုမတီ မိုးလုံလေလုံ အားကစားရုံ၌ စာပေဟောပြောပွဲ၊ ကျပန်းစကားပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပဆောင်ရွက် မည့်နေရာများကို ကြည့်ရှုကြသည်။
အဆိုပါ ကလေးစာပေပွဲတော်ကို နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တောင်ငူမြို့ခပေါင်းခန်းမနှင့် ကေတုမတီအားကစားရုံတို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မည်သူမဆိုလွတ်လပ်စွာ ဝင်ရောက်လေ့လာ နိုင်ကြောင်း သိရှိရသည်။

(ခရိုင်-ပြန်/ဆက်)

No comments:

Post a Comment