နေပြည်တော် အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု
အကူအညီအထောက်အပံ့ပေး ရေး၊ ပြန်
လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီ ဒုတိယအကြိမ် နှစ် ပတ်လည် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင်
နေပြည်တော်ရှိ Hiton ဟိုတယ်၌ ကျင်းပရာ ရခိုင် ပြည်နယ် အတွင်း လူသားချင်းစာနာမှု
အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊
ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ
ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့်
ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊
ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊
ဦးဟန်ဇော်၊ ဒေါက်တာဝင်းမြတ်အေးနှင့်
ဦးကျော်တင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်တင်၊
ဦးကျော်လင်းနှင့် ဦးစိုးအောင်၊
လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်စုစုလွင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊
စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးအောင်ကျော်ဇံ၊ UEHRD ကော်မတီညှိနှိုင်း ရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ UEHRD ကော်မတီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်၊ UEHRD
ကော်မတီအဖွဲ့ဝင်များ၊ နိုင်ငံတကာ သံရုံးများမှ သံတမန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊
ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့ အစည်းများမှ
ကိုယ်စားလှယ်များ၊ NGOs ၊ INGOs
များမှ တာဝန်ရှိသူများ၊
ရခိုင်ပြည်နယ်အတွင်း နေထိုင် လျက်ရှိသော
လူ့ဘောင်အသိုက်အဝန်းမျိုးစုံမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော လူ့ဘောင်အသိုက်အဝန်း မျိုးစုံမှ
လူငယ် များအဖွဲ့က “ပေါင်းစည်းခြင်းရဲ့အရသာ”၊ “ရခိုင်တို့မြေ လာခဲ့လေ” နှင့်
“ငါတို့လျှောက်မယ့်လမ်း” သီချင်းများဖြင့်
သီဆိုကပြဖျော်ဖြေကြကြသည်။
ထို့နောက် UEHRD
ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အမှာစကားပြောကြားရာတွင် “UEHRD စပြီးပေါ်လာတာက ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ပဋိပက္ခတွေ၊
ပြဿနာတွေကို ဖြေရှင်းဖို့
ကျွန်မတို့ အားလုံးစုပေါင်းပြီး လုပ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ကျွန်မတို့စပြီး လုပ်ကတည်းက ဒါဟာပြည်ထောင်စုတစ်ခုလုံး ပါဝင် ရမယ့်လုပ်ငန်းလို့
ကျွန်မတို့သတ်မှတ် လိုက်ပါတယ်။ ပြည်ထောင်စုတစ်ခုလုံး
ပါဝင်ရမယ့်လုပ် ငန်းဆိုတာ
ကျွန်မတို့ပြည်ထောင်စု ရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်နိုင်ရင် ကျန်တဲ့ သူက မုဒိတာပွားနိုင်ရမယ်။
ကိုယ့်ရဲ့ဒေသမှာလုပ်ပေးမှမဟုတ်ဘူး။
တစ်ခြားသူတွေ၊ တစ်ခြားဒေသ တွေ၊ ကိုယ်နဲ့ မဆိုင် တဲ့ အရပ်ဒေသတွေ ကောင်းဖို့အတွက်၊ အဲဒီအရပ်ဒေသက ပြည်သူလူထုတွေ တိုးတက်
ဖို့အတွက် လုပ်ပေးတယ်ဆိုတဲ့အခါမှာ
ကျွန်မတို့ကိုယ်တိုင်မလုပ်ပေးနိုင်ရင်တောင်မှ မုဒိတာပွားနိုင်တဲ့စိတ်ဓာတ် ရှိရမယ်။
အဲဒါကိုအခြေခံတာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်ကနေ ဒီကနေ့အထိ
ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်
ကျွန်မတို့ မြန်မာနိုင်ငံမှာ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီစိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်တဲ့ အခါမှာ
ကိုယ့်အား ကိုယ်ကိုးပြီးလုပ်တာက
အကောင်းဆုံးပဲလို့ ကျွန်မတို့ ဒီလိုပဲဆုံးဖြတ်ပါ တယ်။ မိတ်ဆွေများက ဝိုင်းဝန်းပြီးကူညီတာကို ကျွန်မတို့
တန်ဖိုးထားတယ်။ ကျွန်မတို့ လေးစားပါတယ်။
သို့သော်ငြား လည်း နောက်ဆုံးကျတော့
ကိုယ့်ကိုယ်ကိုပဲ အားကိုးလို့ ရပါ တယ်။ ကိုယ့်ကိုယ်ကို အားကိုးလို့ ရတဲ့စိတ်တွေကိုလည်း ကျွန်မတို့ရဲ့ပြည်ထောင်စုထဲမှာ ခိုင်မာအောင်လို့လုပ်ပေးချင်ပါတယ်။
ဒါကြောင့်
ကျွန်မတို့ပြည်ထောင်စု ဘယ်နေရာမှာပဲဖြစ်ဖြစ် အခြေအနေလေး နည်း နည်း ပိုပြီးတော့ ကောင်းသွားပြီဆိုရင်
ကျန်တဲ့ပြည်ထောင်စုတစ်ခုလုံးမှာရှိတဲ့
ပြည်သူ ပြည်သားများ၊ ပြည်ထောင်စု သားသမီးများအားလုံးဟာ ဒါကိုဝမ်းမြောက်နိုင်ရမယ်။ ဂုဏ်ယူ နိုင်ရမယ်။
ကျေနပ်နိုင်ရမယ်။ ဒီလိုစိတ်ဓာတ်နဲ့အားလုံးပါဝင်ပြီးတော့
ကူညီပေးဖို့ဟာ ကျွန်မ တို့
ဦးတည်ရာဖြစ်ပါတယ်။ အခုဆိုရင် UEHRD
ကို အဓိကဦးဆောင်လုပ်နေတာကတော့
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဖြစ်ပါတယ်။ ဒေါက်တာဝင်းမြတ်အေးဆိုရင် ရခိုင်ပြည်နယ်ကို ၂၀၁၇
ခုနှစ်ကနေ ၂၀၁၉ခုနှစ် (၂)နှစ်အတွင်းမှာ အကြိမ် (၅၀)ထက်
မနည်း ရောက်ပြီးပြီလို့ ကျွန်မနားလည်ပါတယ်။
ဒီလောက်အကြိမ်(၅၀)ထက်မနည်း ရောက် တယ် ဆိုတာ
ရခိုင်ပြည်နယ်မှာလုပ်ရတဲ့ လုပ်ငန်းတွေကို ဘယ်လောက်အလေးအနက်ထား သလဲဆိုတာကို ပြသနေတာဖြစ်ပါတယ်။
ဒီလိုအလုပ်တွေဆိုတာ အဝေးကနေပြီးတော့ ရုံးထဲမှာထိုင်ပြီး ခလုတ်လေးနှိပ်ရုံနဲ့ ပြီးတဲ့ကိစ္စ
မဟုတ်ပါဘူး။ ဒေသခံတွေ အခြေအနေဘယ်လိုရှိလဲ၊
ကိုယ်တိုင်သွားကြည့်ပြီး တော့ ကိုယ်ဘယ်လို
အကောင်းဆုံးလုပ်ပေးနိုင်မလဲဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်နိုင်မှသာလျှင် ကျွန်မတို့ တိုးတက်မှုရှိနိုင်မှာပါ။ တိုးတက်မှုတွေက
ကျွန်မတို့လိုချင် သလောက်ဖြစ်ခဲ့ သလားဆိုတော့
လိုချင်သလောက်တော့ မဖြစ်သေးပါဘူး။
ကျွန်မတို့လိုချင်တာက အခုတစ်နှစ်အတွက်လည်းမဟုတ်ဘူး၊
နောက်နှစ်အတွက် လည်းမဟုတ်ဘူး၊ ကျွန်မတို့ရဲ့
ပြည်ထောင်စုကြီးအတွက် နောင်နှစ်ကာလမြောက်မြားစွာ
ခေတ်အဆက်ဆက် ကောင်းဖို့အတွက် လုပ်နေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အခု ဖြစ်ပွားနေတဲ့ ပြဿနာတွေကို
နိုင်ငံသူနိုင်ငံသားများ ပြည်ထောင်စုသားသမီးများ အားလုံး
ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့
ဖြေရှင်းနိုင် မယ်ဆိုရင် နောင်လာနောက်သားတွေအတွက် အင်မတန်မှ တန်ဖိုးဖြတ်လို့မရတဲ့ အမွေအနှစ်တွေ ဖြစ်မှာပါ။
ဘယ်လိုအမွေအနှစ်မျိုးလဲ ဆိုရင် ကိုယ့်ကိုယ်ကိုယုံကြည်တဲ့
အမွေအနှစ်မျိုးဖြစ်ပါတယ်။
ဘယ်လိုအခက်အခဲတွေပဲ ဖြစ်လာဖြစ်လာ ငါတို့နိုင်ငံဟာ ချမ်းသာသေးတဲ့နိုင်ငံမဟုတ်သော်လည်း၊
အင်အားကြီးနိုင်ငံ တစ်ခု မဟုတ်သော်လည်း
ငါတို့ရဲ့စုပေါင်းအင်အားနဲ့ ဒီစိန်ခေါ်မှုတွေကို အားလုံး ရင်ဆိုင် နိုင်တယ်၊ ကျော်လွှားနိုင်တယ်
ဆိုတဲ့ယုံကြည်စိတ်ချမှုကို
ကျွန်မတို့ရဲ့နောင်လာနောက်သား တွေ၊ မျိုးဆက်သစ်တွေကို ပေးသွားချင်ပါတယ်။
ဒီလိုယုံကြည်မှုနဲ့ အင်အားကိုပေးသွားနိုင်မယ်ဆိုရင်
နောင်အနာဂတ်မှာ ဘယ်လို စိန် ခေါ်မှုတွေနဲ့ပဲ
ကျွန်မတို့နိုင်ငံဟာ ရင်ဆိုင်ရရင်ဆိုင်ရ
ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည် ပါတယ်။ စာရေး ဆရာမကြီးတစ်ဦးက တစ်ခါရေးခဲ့ဖူးပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ သမိုင်း
ကောင်းရှိခဲ့လို့ရှိရင် ဒီရှိခဲ့တဲ့ သမိုင်းကောင်းမှာ
နောင်ခေတ်အဆက်ဆက်အတွက် အင်အား ဖြစ်တယ်လို့
ပြောပါတယ်။ ကိုယ်အရင်တုန်းက ရှိခဲ့တဲ့သမိုင်းကြောင်းကို ပြန်ပြီးတော့ စဉ်းစားခြင်းအားဖြင့်၊ အဲဒီသမိုင်း ကြောင်းကို ပြန်ပြီးတော့တွေးခေါ်ခြင်းအားဖြင့် နောင်လာ
မယ့်အနာဂတ်ကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုပြီး
ရင်ဆိုင်တဲ့နည်းတွေလည်းပေါ်လာမယ်။
ရင်ဆိုင်ရဲတဲ့ သတ္တိတွေလည်း ရှိလာမယ်လို့ မှတ်ချက်ချသွားပါတယ်။
ဒီအတိုင်းပါပဲ ကျွန်မတို့ UEHRD ရဲ့လုပ်ငန်းတွေဟာ အခုလောလောဆယ် ရခိုင်ပြည်နယ် တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ကျွန်မတို့ ပြည်ထောင်စုကြီးတစ်ခုလုံး အတွက်ဖြစ်ပါတယ် လို့
ထပ်တလဲလဲ ပြောချင်ပါတယ်။ ကျွန်မတို့ဟာ ဒီလိုပြဿနာ တစ်ခုကို
ဖြေရှင်းနိုင်တဲ့ အင်အားတွေကို
လူငယ်တွေကနေစပြီး မွေးပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် UEHRD ရဲ့လုပ်ငန်းစဉ်တွေမှာ ပြည်ထောင်စုတစ်ဝန်းက လူငယ်များ
ပါဝင်တာ ဟာ ကျွန်မတို့အတွက် တစ်တပ်တစ်အား
ဖြစ်ပါ တယ်။ လူငယ်တွေကလည်း စိတ်အား
ထက်သန်စွာနဲ့ပါဝင်ကြပါ။ လူငယ်များဟာ လူကြီးများထက် စာရင် ပိုပြီးသဘောထားပျော့ပြောင်းတယ်လို့ပြောရင်
မမှားဘူးလို့ထင်ပါတယ်။ ဒါပေမဲ့
လူကြီးတွေ ကတော့ ပိုပြီးရင့် ကျက်တာပေါ့။ ပျော့ပြောင်းမှုနဲ့ ရင့်ကျက်မှုဟာ သူ့ရဲ့တန်ဖိုးနဲ့သူရှိပါတယ်။
သဘောထားပျော့ပြောင်းခြင်းဆိုတာဟာ ပျော့ပြောင်းသောကြောင့် သူတစ်ပါးကို ပိုပြီးနားလည်မှု လွယ်လွယ်ကူကူပေးနိုင်တယ်။ ရင့်ကျက်သောကြောင့်လည်း
ပိုပြီးတော့ နားလည်မှုပေးနိုင်ပါတယ်။
ရင့်ကျက်သောစိတ်ဓာတ်ကလည်း ပိုပြီးတော့ ကျယ်ကျယ် ပြန့်ပြန့် နက်နက်နဲနဲနဲ့ အခြေအနေတစ်ခု ကို
သုံးသပ်နိုင်တာကြောင့် လူကြီးတွေရဲ့ အင်အား ဟာတစ်မျိုး၊
လူငယ်တွေရဲ့အင်အားဟာ တစ်မျိုး
ရှိတဲ့အင်အားတွေကို အားလုံး စုပေါင်း ပြီးတော့ ကျွန်မတို့ နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်း ရမှာဖြစ်ပါတယ်။
ကျွန်မအနေနဲ့ UEHRD
ရဲ့နှစ်နှစ်မြောက်နေ့မှာဆိုရင် UEHRD
မှာပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်
များအားလုံးကို ဂုဏ်ပြုကျေးဇူးတင်တဲ့စကားလေးတော့ မပြောလို့မဖြစ်ပါဘူး။ ဒါဟာ ကျွန်မတို့ရဲ့ ဝန်ကြီးဌာနများ အားလုံးပါသလို
အဓိကအားဖြင့် ရခိုင်ပြည်နယ်အစိုးရကိုလည်း
ဂုဏ်ပြုချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင်
နိစ္စဓူ၀ ပြဿနာတွေရင်ဆိုင်နေရတာဟာ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့တက်ရောက်လာတဲ့ ရခိုင်ပြည်နယ်
ဝန်ကြီးချုပ် ဦးညီပုကိုလည်း
ကျွန်မဂုဏ်ပြုပါတယ်။ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ နောင်နစ်ပေါင်းများစွာ ဆက်လက်ပြီးတော့
ရခိုင်ပြည်နယ်ရဲ့ ပြဿနာတွေကို
ရင်ဆိုင်ပြီး ဖြေရှင်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါမှာ ကျွန်မတို့ အားလုံးက
ဝိုင်းဝန်းပြီးကူညီဖို့ အဆင်သင့်ပါပဲဆိုတာကိုလည်း
ပြောချင်ပါတယ်။
ပြည်ပက မိတ်ဆွေများကိုလည်း ကျွန်မတို့နိုင်ငံအပေါ်မှာ တကယ်စေတနာ မေတ္တာ
ထားပြီးတော့၊ ကရုဏာ၊ မေတ္တာ၊
စေတနာထားပြီးတော့ ကူညီနေတဲ့ မိတ်ဆွေတွေ အားလုံးကိုလည်း ကျေးဇူး တင်တယ်ဆိုတဲ့စကား ပြောချင်ပါတယ်။ အားလုံးလက်တွဲပြီး
လုပ်မယ်ဆိုရင် တစ်နေရာက ပြဿနာတွေဖြေရှင်းခြင်းအားဖြင့်
တစ်ကမ္ဘာလုံးမှာရှိတဲ့ အလားတူပြဿနာတွေကို၊
ဖြေရှင်းနည်း တွေကိုလည်း သိလာနိုင်မယ်။ သင်ယူနိုင် မယ်လို့ လည်း ယုံကြည်ပါတယ်။
ကျွန်မအနေနဲ့ ဆော်ဩချင်တာကတော့ တစ်ခုပါပဲ။ အရင်တုန်းက UEHRD
ကို လှူပါမယ်လို့ ကတိပေးထားတဲ့ ပုဂ္ဂိုလ်ကြီးများ လှူကြပါ။ လှူပါ့မယ်လို့ ကတိမပေးရ သေးတဲ့
ပုဂ္ဂိုလ်ကြီးများ လည်း အခုဒီနေ့ပဲ
ကတိပေးပြီးတော့ ဆက်လှူကြပါလို့ ကျွန်မ တိုက်တွန်းရင်းနဲ့ အားလုံးကို မေတ္တာပို့ပါတယ်။ ကျေးဇူးတင်ပါတယ် ”ဟု ပြောကြားသည်။
ယင်းနောက် UEHRD
အဖွဲ့သားများအားလုံး၏ ပံ့ပိုးမှုနှင့် International
Relation Task Force မှ ထုတ်လုပ်တင်ဆက်သည့် Short
Filmကို ပြသသည်။
ထို့နောက် UEHRD
ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊
ကော်မတီဒုတိယ ဥက္ကဋ္ဌများ၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စုစုလွင်နှင့် ကော်မတီ
အဖွဲ့ဝင်များသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊
ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်
လည်းကောင်း၊ နိုင်ငံတကာသံရုံးများမှ
သံတမန်များနှင့်လည်း ကောင်း၊ ကုလသမဂ္ဂ၊ အာဆီယံ အဖွဲ့အစည်းများနှင့် Red
Cross Movement တို့မှ ကိုယ်စားလှယ်များ နှင့်လည်းကောင်း၊ အလှူရှင်များ၊
ဖိတ်ကြားထားသောဧည့်သည်များနှင့် လည်း
ကောင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ UEHRD Task Forces မှ တာဝန်ရှိသူများနှင့်လည်းကောင်း၊
ရန်ကုန်နှင့် နေပြည်တော်တို့ရှိ UEHRD ရုံးခွဲများ နှင့် NRPC
ရုံးတို့မှ တာဝန်ရှိသူများနှင့်လည်းကောင်း၊
တေးသီချင်းများဖြင့် သီဆိုကပြဖျော်
ဖြေခဲ့ကြသည့် ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော လူ့ဘောင် အသိုက်အဝန်းမျိုးစုံမှ လူငယ်များအဖွဲ့နှင့်လည်းကောင်း စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment