Wednesday, October 30, 2019

၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ




နေပြည်တော် အောက်တိုဘာ ၃၀

၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။


အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစား သမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် ဘောလုံးပြိုင်ပွဲ ကျင်းပရာ ကရင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဘက်(၁) ဂိုးစီ ရရှိသည်။

အဆိုပါ ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံး ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ပြိုင်ပွဲဝင် အသင်း (၁၄) သင်းက နိုဝင်ဘာ ၁၂ ရက်အထိ ဝဏ္ဏသိဒ္ဓိ အားကစား လေ့ကျင့်ရေးကွင်း (၁)နှင့် (၃) တို့တွင် နေ့စဉ်နံနက် (၇) နာရီခွဲနှင့် ညနေ (၃) နာရီတို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘောလုံး အားကစား နည်း ကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment