နေပြည်တော်
အောက်တိုဘာ ၃၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr.
Stephen Marshall ၊ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes နှင့် ဆွစ်ဇာလန် နိုင်ငံမှ
Geneva International Centre for Humanitarian Demining (GICHD) ၏ General
Director , Ambassador Mr. Stefano Toscano တို့အား ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး
မေခလာခန်းမ၌ သီခြားစီလက်ခံ တွေ့ဆုံသည်။
မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ
သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စ၊
မသန်စွမ်း သူများ ဖွံ့ဖြိိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စ၊ မသန်စွမ်းသူများ
တရားစီရင်ရေးကို လက်လှမ်းမီ ရရှိရေးဆိုင်ရာကိစ္စနှင့် မြန်မာနှင့် နယူးဇီလန်တို့အကြား
ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
နော်ဝေနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံစဉ်
မိုင်းအန္တရာယ် အသိပညာ ပေးခြင်း နှင့် မိုင်းဒဏ် ခံစားရသူများအား ထောက်ပံ့ပေး နေမှုနှင့်
ပြန်လည် ထူထောင်ရေးကိစ္စ၊ နိုဝင်ဘာလအတွင်း နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပမည့်
Anti-Personnel Mine Ban Convention ၏ စတုတ္ထအကြိမ်မြောက် ညီလာခံနှင့်စပ်လျဉ်းသည့်
ကိစ္စ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်စပ်လျဉ်း၍ နောက်ဆုံးအခြေအနေ၊ နေရပ်စွန့်ခွာသူများ
ပြန်လည်နေရာချထားရေးနှင့်စပ်လျဉ်း၍ လူသားချင်း စာနာထောက်ထားမှုကို အခြေခံသည့် မိုင်းရှင်းလင်းရေး
လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဆွစ်ဇာလန်နိုင်ငံမှ Geneva International
Centre for Humanitarian Demining (GICHD) ၏ General Director , Ambassador Mr.
Stefano Toscanoနှင့်တွေ့ဆုံစဉ် ယနေ့ကျင်းပသည့် National Mine Action Authority အလုပ်ရုံ
ဆွေးနွေးပွဲနှင့်ပတ်သက်သည့် အကြောင်း အရာများ၊ မိုင်းကိစ္စများနှင့် စပ်လျဉ်း၍ အာဆီယံဒေသတွင်း
မိုင်းစင်တာ (ARMAC) နှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ မိုင်းအန္တရာယ်အသိ ပညာပေးလုပ်ငန်းများ၊
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွစ်ဇာလန်နိုင်ငံနှင့် Geneva International Centre တို့နှင့်
ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေး
ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)



No comments:
Post a Comment