Wednesday, October 30, 2019

ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် (၁၂) ကြိမ်မြောက် စင်ကာပူအပြည်ပြည်ဆိုင်ရာ စွမ်းအင်ရက်သတ္တပတ်နှင့် ဆက်စပ် အစည်းအဝေးများတက်ရောက်



နေပြည်တော် အောက်တိုဘာ ၃၀

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် အောက်တိုဘာ ၂၉ ရက်တွင် စင်ကာပူနိုင်ငံ Marina Bay Sands Hotel ၌ကျင်းပသည့် Electrification Powering Growth ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးသည် လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sinava Souphanouvong ၊ The Institute of Energy Economics , Japan (IEEJ) ၏ ဥက္ကဋ္ဌ Prof. Masakazu Toyoda ၊ EDF ကုမ္ပဏီမှ Group Senior Executive Vice President Ms. Marianne Laigneau ၊ DNV GL – Energy ကုမ္ပဏီ၏ Vice President Ms. Lucy Craig တို့နှင့်အတူ Global Electrification Transition အတွက် ပြန်ပြည့်မြဲစွမ်းအင်အပြင် မြို့ပြသုံး နျူကလီးယားစွမ်းအင်၊ ဟိုက်ဒရိုဂျင်စွမ်းအင်များသုံးစွဲမှုနှင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲခြင်းတို့၏ အရေးပါသော အခန်းကဏ္ဍ၊ အရှေ့တောင် အာရှဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာ မှုနှင့်အတူ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲမှု များပြား လာမှု၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရေးဆောင်ရွက်ရာတွင် Clean & Model Power Grid များ တည်ဆောက်ကာ ဒေသတွင်း ဓာတ်အားစနစ် ဖြန့်ကျက်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် အရင်းအမြစ်များ မျှဝေ သုံးစွဲသွားရန် လိုအပ်မှု၊ Energy Mix ရရှိနိုင်သော အရင်းအမြစ် များကို ပေါင်းစပ်အသုံးပြုခြင်းက ပိုမိုပြည့်စုံကောင်းမွန်မှု၊ နေရောင်ခြည် စွမ်းအင်အပြင် ဟိုက်ဒရိုဂျင်ကဲ့သို့သော စွမ်းအင်အသစ်များနှင့် ဓာတ်အား သိုလှောင်နိုင်ရေးအတွက် Research & Development များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင်က မြန်မာနိုင်ငံ၏ စွမ်းအင်နှင့် လျှပ်စစ် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု၊ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေး အတွက် ဆောင်ရွက်နေမှု၊ စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်နေမှု၊ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်ရေးအတွက် ရေအား၊ သဘာဝဓာတ်ငွေ့၊ LNG၊ နေရောင်ခြည်နှင့် အခြားအရင်းအမြစ် များအပြင် အိမ်နီးချင်းနိုင်ငံများနှင့် ဓာတ်အားလိုင်းသွယ်တန်း၍ ဓာတ်အားရောင်းဝယ် မှု လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အတွေ့အကြုံများကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment